Movie Name
Tufang (2023)
Year
2023
Generes
Action, Drama, Thriller
Code
IND1348
Type
Movie
Size
1.32 GB
Country
Bollywood
Description
Tufang (2023) “ပစ္စတိုဖူးစာ” IMDb – 6.3/10 ပန်ချာပီအဆိုတော်အနေနဲ့ နာမည်ကြီးတဲ့ ဂူရီက အဓိကဇာတ်ကောင်နေရာကနေပါဝင်ထားပါတယ်။ မင်းသမီးကတော့ တလေဂူး၊ ဟင်ဒီ၊ ကန်နာဒါရုပ်ရှင်နယ်ပယ်တွေမှာ ပါဝင်နေကျဖြစ်တဲ့ ရုခ်ရှာဒီလွန်။ မင်းသားက ဦးလေးဖြစ်သူနဲ့အတူ သေနတ်ဆိုင်ဖွင့်ထားသူတစ်ယောက်။ သေနတ်တွေကို ချစ်မြတ်နိုးပြီး သေနတ်တွေကို အစမ်းပစ်ပြတဲ့ သူ့ရဲ့အွန်လိုင်းဗီဒီယိုတွေကလည်း အားပေးသူအထိုက်အလျောက်ရှိတဲ့သူဖြစ်ပါတယ်။ မင်းသမီးကတော့ သူ့လိုပဲ သေနတ်တွေကိုခုံမင်တဲ့သူ။ ညီမဖြစ်သူတွေအိမ်ထောင်ကျ ကလေးတွေရတဲ့အထိ သေနတ်ပစ်ဖို့နဲ့ သေနတ်တစ်လက်ပိုင်ဆိုင်ဖို့တွေးနေတတ်တဲ့သူဖြစ်တာကြောင့် မိခင်ဖြစ်သူရဲ့ ဆူပူမှုကို နေ့စဉ်နဲ့အမျှခံရသူ။ ခပ်တည်တည်နဲ့ ရဲစခန်းမှာသေနတ်လိုင်စင်သွားလျှောက်တော့လည်း မရပြန်တာကြောင့် မင်းသားပိုင်တဲ့ဆိုင်ကနေ ခိုးဖို့အကွက်ချစီစဉ်ပါတော့တယ်။ ဒါပေမဲ့ ဆိုင်ရဲ့စီစီတီဗီမှာ သူ့မျက်နှာပါနေပြီး မင်းသားက သူ့နောက်ကိုလိုက်လာတဲ့အခါမှာတော့။ ဘယ်လိုဇာတ်အလှည့်အပြောင်းတွေနဲ့ ဘယ်လိုဗီလိန်တွေပါဝင်လာမလည်းဆိုတာတော့ ဒီအက်ရှင်ဒရာမာဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြပါဦး။