-
Movie Name
-
Sniper Reloaded (2011)
-
Year
-
2011
-
Generes
-
Action, Drama, Thriller
-
Code
-
EN4235
-
Type
-
Movie
-
Size
-
1.05 GB
-
Country
-
Hollywood
-
Description
-
Sniper Reloaded ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်ထွက်
Rating R ရှိတဲ့ Sniper အသားပေး အက်ရှင်ဒရမ်မာကားပဲ
ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ Sniper နဲ့ military အက်ရှင်ကားတွေကို
ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲ။
အတိုက်အခိုက် အပစ်အခတ်တွေက ကြမ်းတမ်းရက်စက်သလို
ဇာတ်လမ်းကလည်း မဆိုးလှပါဘူး။ တချိန်က နာမည်ကျော်
Sniper သမားတစ်ယောက်ရဲ့သား မရိန်းတပ်သားတစ်ယောက်လည်း
ဖြစ်တဲ့ မင်းသား Brandon ဟာ သူတာဝန်ကျရာ ကွန်ဂိုနိုင်ငံမှ
သူပုန်နှိမ်နင်းရေး တာဝန်ထမ်းဆောင်ရင်း သူ့ရဲ့အဖွဲ့သားအားလုံးဟာ
Sniper သမားတစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပြီး
သူတစ်ယောက်ပဲ ကံသီပြီး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။
သူ့ဘော်ဒါတွေအတွက် လက်စားချေချင်တဲ့ မင်းသားတစ်ယောက်
သတ်တဲ့သူကို အစရှာ လိုက်လံစုံစမ်းတဲ့အခါမှာ ထွက်လာတဲ့အစက
ဘယ်လောက်ထိ ရှည်လျားပါဝင်ပတ်သက်နေမလဲ မင်းသားအနေနဲ့
ရုန်းထွက်နိုင်ပါ့မလား ကြားထဲမှာ မိတ်ဆွေတွေ ချစ်သူခင်သူတွေကရော
ထိခိုက်သွားမှာလား စတာတွေကို ရင်ခုန်စွာ စောင့်ကြည့်ရမဲ့
အက်ရှင်ကားကောင်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်း
လိုက်ပါတယ်…