-
Movie Name
-
The Tale Of Rose ( ေနရောင်အောက်က ပန်းနှင်းဆီ) (2024)
-
Year
-
2024
-
Generes
-
Romance
-
Code
-
SC0851
-
Type
-
Series
-
Size
-
11.8 GB
-
Country
-
China
-
Description
-
1-38 complete
ပညာတတ်မိသားစုမှာ မွေးဖွားလာခဲ့တဲ့ ဟွမ်ယိမေ (Liu Yi Fei) ဟာ
မိသားစုရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ကောင်းမွန်စွာကြီးပြင်းလာရသလို
ငယ်စဥ်ကတည်းကစပြီး သူ့ရဲ့ အနုပညာပါရမီတွေကို ထုတ်ဖော်ပြသနိုင်ခဲ့တဲ့
မိန်းကလေးတစ်ဦးလည်း ဖြစ်ပါတယ်
အဲဒီနောက်မှာတော့ လုပ်ငန်းခွင်ထဲကို စတင်ဝင်ရောက်လာတဲ့ ဟွမ်ယိမေဟာ
ထူးချွန်တဲ့အရည်အချင်းတွေကြောင့် နေရာပေးခံခဲ့ရသလို မကြာခင်မှာ
လုပ်ဖော်ကိုင်ဖက် ကျွမ့်ကော်တုန်း (Peng Guanying) နဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ပေမဲ့
သူ့တို့ရဲ့ အချစ်ဇာတ်လမ်းဟာ နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ အဆုံးသတ်ခဲ့သလို
ဒီလုပ်ငန်းခွင်ဟာ ဟွမ်ယိမေရဲ့ ဘဝအပေါ်ထားတဲ့အမြင်တွေကို ပိုမိုပြောင်းလဲပေးနိုင်ခဲ့တာမို့
ဟွမ်ယိမေဟာ လုပ်ငန်းခွင်က ထွက်ပြီး ကျောင်းပြန်တက်ရင်း သူ့ကိုယ်သူ
ပိုတိုးတက်အောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်
ဘွဲ့ရပြီးတဲ့နောက်မှာတော့ ဟွမ်ယိမေတစ်ယောက် ကျောင်းတုန်းက
စီနီယာဖြစ်တဲ့ ဖန်းရှယ်ဝန် (Lin Geng Xin)နဲ့ လက်ထပ်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ထပ်ပြီးတဲ့နောက်မှ သူတို့ ၂ ယောက်ရဲ့ ကိုယ်စီဘဝတိုးတက်ရေးအတွက်
ရွေးချယ်ကြတဲ့ လမ်းကြောင်းတွေ မတူညီကြတော့တဲ့အခါမှာ
သူတို့အိမ်ထောင်ရေးဟာ ကွာရှင်းခြင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဟွမ်ယိမေဟာ သူ ထူးချွန်တဲ့ အနုပညာလုပ်ငန်းနယ်ပယ်မှာ
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ခဲ့ပြီး မကြာခင်မှာပဲ သူ့ဘဝရဲ့ Soulmate ဖြစ်တဲ့
ဖူကျားမင် (Huo Jianhua) နဲ့ ထပ်မံတွေ့ဆုံခဲ့ပေမဲ့ အဲဒီအချိန်မှာ ဖူကျားမင်ဟာ
တော်တော်နေမကောင်းဖြစ်နေပြီး လပိုင်းလောက်ပဲ အသက်ရှင်ခွင့်ရတော့မှာဖြစ်တာကြောင့်
နောက်ဆုံးမှာတော့ သူတို့ ၂ ယောက်ကြားက အချစ်နှောင်ကြိုးဟာ
သေခြင်းတရားကြောင့် လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ခဲ့ပြန်ပါတယ်။
နောက်ဆုံးမှာတော့ ဟွမ်ယိမေဟာ ဘဝကို ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဖြတ်သန်းမယ့်အစား
စိတ်ဓာတ်မကျဘဲ အရင်တုန်းကအတိုင်း သူ့အတွက်သူကြိုးစားပြီး ဘဝကို
အဓိပ္ပာယ်ရှိရှိနဲ့ ဖြတ်သန်းဖို့ ရွေးချယ်ခဲ့ပါတော့တယ်