-
Movie Name
-
The Legend Of Heroes (မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်)(2024)
-
Year
-
2024
-
Generes
-
Action, Historical
-
Code
-
SC0855
-
Type
-
Series
-
Size
-
9.07 GB
-
Country
-
China
-
Description
-
1-30 complete
နန်စုန့်မင်းဆက်နှောင်းပိုင်းမှာ ကျင်းစစ်သားတွေ ကျူးကျော်ဝင်ရောက်လာပြီး နန်းတွင်းထဲက သစ္စာဖောက်အရာရှိတွေလက်ဝယ် အာဏာရရှိသွားခဲ့ပါတယ်
အရပ်သားသူရဲကောင်း Guo Xiao Tian နဲ့ Yang Tie Xin တို မိသားစုနှစ်စုဟာ ထိမ်းမြားလက်ထပ်ပွဲ ကျင်းပပြီးနောက်ပိုင်းမှာ ကျင်းစစ်သားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်
တာအိုတရားပြဘုန်းတော်ကြီး Qiu Chu Ji ဟာ ထိုသူရဲကောင်းနှစ်ဦးရဲ့ မျိုးဆက်ကိုရှာဖွေပြီးကိုယ်ခံပညာကို လက်ဆင့်ကမ်းသင်ကြားပေးကာ ဆယ့်ရှစ်နှစ်ကြာပြီးနောက် ကျွေ့ရှမ်းဆောင်မှာ သိုင်းပညာယှဉ်ပြိုင်ဖို ကျန်းနန်သူရဲကောင်းခုနှစ်ဦးနဲ့ အလောင်းအစားလုပ်ခဲ့ပါတယ်
ဒီလိုနဲ့ Guo Jing နဲ့ Yang Kang တိုဟာ ကျန်းနန်ခုနှစ်ဦးနဲ့ Qiu Chu Ji တိုလက်အောက်မှာ သိုင်းပညာသင်ကြားရင်းနဲ့ ကြီးပြင်းလာခဲ့ကြပါတယ်
ဆယ့်ရှစ်နှစ်ကြာပြီးနောက် Guo Jing ဟာ ဆရာဖြစ်သူထံမှ တောင်ဘက်ကိုခရီးနှင်ဖို စေလွှတ်ခံရပြီး ဆေးဆရာဟွမ်ရဲ့သမီးဖြစ်သူ Huang Rong ကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပေမဲ့ နှစ်ဦးသားရဲ့ အချစ်ခရီးလမ်းက မလွယ်ကူခဲ့ပါဘူး
သိုင်းလောကရဲ့ အဆိပ်ဘုရင် Ouyang Feng ဟာ တူဖြစ်သူ Ouyang Ke အတွက် Huang Rong ကို ထိမ်းမြားလက်ထပ်ရန် တောင်းရမ်းခဲ့တာကြောင့် Guo Jing ဟာ နောက်ဆုံးမှာ ပြိုင်ပွဲသုံးပွဲယှဉ်ပြိုင်ပြီး အနိုင်ရယူခဲ့ပမဲ့ မက်မွန်ကျွန်းမှာ ဆရာငါးဦး အသတ်ခံရချိန်မှာ နှစ်ဦးသားကို နားလည်မှုလွဲကာ ကွဲကွာစေခဲ့ပါတယ်
တစ်ဖက်မှာတော့ Yang Kang ဟာ စည်းစိမ်ဥစ္စာကို တပ်မက်လောဘကြီးကာ ကျင်းလူမျိုးကို ဖခင်အဖြစ် သတ်မှတ်ပြီး ဆန့်ကျင်ဘက်လမ်းကို လျှောက်ခဲ့ပါတယ်
မထင်မှတ်ထားတဲ့ ကိုယ်ခံပညာပြိုင်ပွဲတစ်ခုက သူ့ကို Yang Tie Xin ရဲ့ မွေးစားသမီး Mu Nian Ci ကို ချစ်မိသွားစေပေမဲ့ မိုက်ပြီးရင်းဆက်မိုက်နေခဲ့တဲ့ Yang Kang ဟာ Guo Jing ၊ Huang Rong နဲ့ သူရဲကောင်းတစ်စုကို အကြိမ်ကြိမ် ဒုက္ခရောက်စေခဲ့ပြီး Jin လူမျိုးတွေအတွက် ဝူမုသေတမ်းစာကို သိမ်းပိုက်နိုင်ဖို အကူအညီပေးခဲ့ပါတယ်
အဆုံးသတ်မှာ Guo Jing ဟာ ဖခင်အတွက် ကလဲ့စားချေပြီး နက်နဲရှုပ်ထွေးလှတဲ့ သိုင်းလောကလှိင်းလုံးတွေကြားမှာ ဘယ်လိုသမိုင်းကို ရေးထိုးမလဲ ...
ဆိုတာကို ဒီကားလေးထဲမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်