-
Movie Name
-
Jawbone (2017)
-
Year
-
2017
-
Generes
-
Action, Sport
-
Code
-
00839
-
Type
-
Movie
-
Size
-
800 MB
-
Country
-
Hollywood
-
Description
-
6.5 Rotten Tomatoes : 100% လက်ဝှေ့ပွဲတွေကို အခြေပြုပြီး ရိုက်ကူးကြတဲ့ ရုပ်ရှင်အများစုဟာ ကိုယ်ကာယကြံ့ခိုင်မှုထက် စိတ်ဓါတ်ခွန်အား ခိုင်မာစေဖို့ကို အသားပေး ဖော်ပြကြတာ များပါတယ်။ မနှစ်တုန်းကလည်း Southpaw အမည်နဲ့ ရုပ်ရှင်မှာ မင်းသား Jake Gyllenhall ရဲ့ လက်ဝှေ့သမားတစ်ယောက်အကြောင်း သရုပ်ဆောင်မှုကို ဝေဖန်ရေးဆရာများက ချီးကျူးခဲ့ကြသလို Jawbone ဟာလည်း ဒီနှစ်ရဲ့ Southpaw ဖြစ်လာမလား။ RT မှာ 100% နဲ့ ထိပ်ဆုံးမှာ မျက်နှာပန်းလှနေတဲ့ Jawbone ဟာ IMDb မှာလည်း 6.5 ရထားဆဲပါ။ ဒါကြောင့် ပရိတ်သတ်ကို အချိန်ကုန်ရကျိုးနပ်စေမယ့် ရုပ်ရှင်တစ်ကားဖြစ်မယ်ဆိုတာ ပြောဖို့တောင် မလိုပါဘူး။ လက်ဝှေ့ချန်ပီယံ ဂျင်မီဟာ နောက်ဆုံးတစ်ခေါက် ထိုးသတ်တဲ့ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်လိုက်ရအပြီး သူ ငယ်ငယ်က လက်ဝှေ့အထိုးကျင့်ဖူးတဲ့ ကလပ်ကို ပြန်ရောက်လာခဲ့တယ်။ စိတ်ဓါတ်ကျနေတဲ့ ဂျင်မီက မှားယွင်းတဲ့ နည်းတွေနဲ့ ထွက်ပေါက်ရှာနေမိတော့ သူ့ဘဝက ပိုပြီး မှောင်မိုက်လာခဲ့တယ်။ မိသားစုဆိုလို့ အားကစားခန်းမပိုင်ရှင် ဘေလ်၊ လက်ဝှေ့စင်ထောင့်မှာ ပဝါကူပေးရတဲ့ အက်ဒီနဲ့ ဂျိုးပဲ ရှိတယ်။ သူတို့က ဂျင်မီ့ကို နည်းလမ်းမျိုးစုံနဲ့ အားပေးလိုက် ထိန်းကျောင်းလိုက်နဲ့ လေ့ကျင့်ခန်းတွေ ပြန်လုပ်ခိုင်းတယ်။ မိတ်ဆွေစစ်ရှိခြင်းဟာ ကိစ္စအားလုံးကို ပြီးမြောက်စေတယ်ဆိုတဲ့ စကားအတိုင်းပဲ ဂျင်မီတစ်ယောက် နှစ်အနည်းငယ်အတွင်းမှာ မျှော်လင့်ချက်အသစ်တွေ တစ်ဖန်မွေးဖွားလာခဲ့ပြန်တယ်။ ချန်ပီယံဆိုတဲ့ နေရာကို ပြန်လည်ရယူဖို့ ကြိုးစားမယ့် လမ်းခရီးမှာ အခက်အခဲတွေကလည်း ပုံစံအသစ်တွေနဲ့ စောင့်ကြိုလို့။ တစ်ခါတုန်းက သရဖူကို ပြန်လည်ဆောင်နှင်းခွင့် ရပါ့မလားဆိုတာကိုတော့ ဖန်သားပြင်ပေါ်မှာ ဆက်လက်ကြည့်ရှုခံစားကြပါဦး ပရိသတ်ကြီးရေ။