Movie Name
Dear Zindagi (2016)
Year
2016
Generes
Drama, Fantasy
Code
00280
Type
Movie
Size
1.04 GB
Country
Bollywood
Description
Dear Zindagi (or) The Best Bollywood Movie in 2016နေ့စဉ်ဓူဝ ရုန်းကန်လှုပ်ရှားနေရတဲ့ လူ့ဘဝကြီးထဲမှာ အောင်မြင်သောဘဝကိုရရှိဖို့အခက်အခဲမျိုးစုံကို ဖြတ်သန်းနေရပါတယ်။မအောင်မြင်ခင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားဖို့ မိဘနဲ့ မိမိရဲ့ အရင်းအနှီးဆုံးသူငယ်ချင်းတွေရဲ့ အားပေးကူညီမှုတွေကိုလိုအပ်ပါတယ်။သူတို့ရဲ့ ကူညီမှုသာမပါရင် ကျော်ဖြတ်ဖို့ တော်တော်လေးပင်ပန်းခက်ခဲမှာပါ။မိတ်ဆွေကောင်းတွေရဲ့ အကြံဉာဏ်တွေက ကျွန်တော့်တို့ရှေ့ဆက်လျှောက်လှမ်းရမယ့်ဘဝအတွက်တော့ အကောင်းဆုံးခွန်အားပါပဲ။Kaira (Alia Bhatt) က အရည်အချင်းရှိတဲ့ Cinematographer တစ်ယောက်ဖြစ်ပြီးသူမရဲ့ဘဝကို ဒီထက်အောင်မြင်မှုရဖို့ကြိုးစားနေသူပါ။ဒါပေမဲ့ နှလုံးသားရေးမှာတော့ ကံမကောင်းသေးပါဘူး။သူမနဲ့ ကိုက်ညီတဲ့ စစ်မှန်တဲ့ အချစ်စစ်ကိုရှာဖွေနေတုန်းမှာပဲ အသည်းကွဲခံလိုက်ရပါတယ်။Goa မှာရှိတဲ့ စားသောက်ဆိုင်ကြော်ငြာရိုက်ဖို့အတွက် မွေးရက်မြေကို ပြန်ဖို့ဖြစ်လာသောအခါစိတ်ဓာတ်ကျပြီး ရည်မှန်းချက်ပျောက်နေတဲ့ Kaira တစ်ယောက် စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်တဲ့Dr. Jehangir Khan (Shah Rukh Khan) ရဲ့ ဟောပြောမှုကိုနားထောင်ဖြစ်ခဲ့ပါတယ်။ပြီးတော့ သူမရဲ့ဖြစ်ပျက်နေတဲ့ စိတ်ပျက်မှုကိုပပျောက်ဖို့အတွက် Dr.Jug နဲ့တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။ပုံမှန်သမာရိုးကျမဟုတ်တဲ့ ကုသမှုတွေနဲ့ Kiara ရဲ့ အတိတ်ဘဝ၊လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့အခါDear Zindagi ဆိုတဲ့ လှပတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတော့တယ်။ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ပထမဆုံးချီးကျူးလိုတာကတော့ ဇာတ်ကားကို ရိုက်ကူးတဲ့အမျိုးသမီး ဒါရိုက်တာဖြစ်တဲ့ Gauri Shinde ရဲ့ ရိုက်ကူးမှုပါပဲ။မြန်မာပရိသတ်တွေတော်တော်သဘောကျတဲ့ပေါက်ကားဖြစ်တဲ့ အမေရိကန်ရောက် အင်ဒီယန်းအမျိုးသမီးရဲ့ အင်္ဂလိပ်စာသင်ယူမှု အကြောင်းရိုက်ကူးထားတဲ့English Vinglish ဇာတ်ကားကို ရိုက်ကူးထားတဲ့သူပါ။ဝင်ငွေပိုင်းအရအောင်မြင်သလိုအနုပညာအရလည်းဆုပေါင်းများစွာရရှိခဲ့တဲ့ကားကို ရိုက်ကူးခဲ့တဲ့သူမအနေနဲ့ ယခုဇာတ်ကားအပါအဝင်ဇာတ်ကားနှစ်ကားပဲရိုက်ကူးထားရပါသေးတယ်။တကယ်ကိုပဲ ချီးကျူးဖို့ကောင်းသလိုရိုက်ကူးတဲ့ဇာတ်ကားနှစ်ကားလုံးကအရမ်းကိုကောင်းမွန်သလို ဝင်ငွေပိုင်းမှာလည်း အောင်မြင်ခဲ့ပါတယ်။အမျိုးသမီးဒါရိုက်တာဖြစ်တာနဲ့အညီ သူမရဲ့ဇာတ်ကားတွေမှာ အမျိုးသမီးဇာတ်ကောင်ကိုအဓိကထားရိုက်သလို ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်က မင်းသမီး Alia Bhatt ဖြစ်ပါတယ်။နောက်ပိုင်းတက်သစ်စမင်းသမီးတွေထဲမှာ သရုပ်ဆောင်ကောင်းတဲ့ Alia အတွက်တော့ ဒီဇာတ်ကားကသူမရဲ့သရုပ်ဆောင်ဘဝကို တစ်ဆင့်တက်စေတဲ့ ဇာတ်ကားပါပဲ။လုပ်ကွက်ရတာနဲ့အညီအကောင်းဆုံးသရုပ်ဆောင်သွားတဲ့ Alia ကတော့ ဒီနှစ်ဆုပေးပွဲတွေရဲ့အဓိကသရုပ်ဆောင်ဆုတွေမှာ ရေပန်းစားနေပါသည်။မင်းသမီးရဲ့အဓိကဦးဆောင်တဲ့ဇာတ်ဖြစ်ပေမယ့် Dear Zindagi ဆိုတဲ့ ဇာတ်ကားရဲ့အသက်ကိုသွင်းပေးတဲ့သူကတော့ Dr.Jug အဖြစ်သရုပ်ဆောင်တဲ့ အားလုံးချစ်တဲ့မင်းသားကြီးShah Rukh Khan(SRK) ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းအသက်ဖြစ်တဲ့ အရမ်းကောင်းမွန်တဲ့စိတ်ပညာနဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်တွေကို လွယ်ကူစွာနားလည်နိုင်စေရန် ဥပမာပေးပြီး အရေးကြီးတဲ့ဘဝနဲ့ဆိုင်တဲ့ ဒသနတွေကို ပြောပြခဲ့တဲ့ SRK ရဲ့ဇာတ်ရုပ်က တော်တော်လေးကောင်းမွန်ပါတယ်။မင်းသားရဲ့ ပြောစရာမလိုတဲ့ သရုပ်ဆောင်မှုတွေပေါင်းစပ်လိုက်တဲ့ အခါမှာတော့Dr.Jug ဆိုတဲ့ဇာတ်ကောင်က ကျွန်တော်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်လာပါတော့တယ်။ဒီဘက်နှစ်တွေမှာ Bollywood မဆန်တဲ့ ရုပ်ရှင်ကားတွေရိုက်ကူးလာတဲ့ မင်းသားရဲ့ပြောင်းလဲမှုကိုသက်သေပြုတဲ့ ဒီဇာတ်ကားက ပုံမှန် Bollywood ဇာတ်ကားကနေအများကြီးခွဲထွက်ထားပါတယ်။မြန်မာနိုင်ငံနဲ့ တော်တော်လေးဆင်ပြီး အရမ်းလှတဲ့ ဂိုအာမြို့မှာအခြေပြုရိုက်ကူးထားတဲ့ ဒီဇာတ်ကားကပုံမှန်ဖြစ်နေတဲ့ အုပ်စုဖွဲ့ဝိုင်းကတဲ့ သီချင်းခန်းတွေမပါသလို ယုတ္ထိမရှိတဲ့ fight scence လည်း မပါဝင်ပါဘူး။ဇာတ်ကားနဲ့အရမ်းလိုက်ဖက်သလို အရမ်းကို အဓိပ္ပါယ်ရှိပြီးကောင်းလွန်းတဲ့ နောက်ခံဇာတ်ဝင်သီချင်းတွေသာပါဝင်ပါတယ်။တော်တော်များလည်းအကြိုက်တွေ့မယ် ထင်ပါတယ်။ဒီလိုသီချင်းပုံစံမျိုးသုံးတာကတော့ဒါရိုက်တာ Gauri Shinde ရဲ့ စတိုင်လို့ပြောရသလို အရမ်းလည်းမိုက်ပါတယ်။ရိုက်ကူးထားတာကလည်းလှပသလို မင်းသမီးရဲ့ချစ်စဖွယ်အလှလည်းပေါ်လွင်ပါတယ်။ဘာမှနည်းပညာဆန်းသစ်မှုမပါပဲ ဘတ်ဂျက်အနည်းငယ်သာကုန်ပြီး ရိုက်ကူးထားတဲ့ဒီဇာတ်ကားက ရုံတင်ပြီးသုံးရက်အတွင်းမှာပဲ ရိုက်ကူးစရိတ်ကျေပြီး အခုဆိုရင်အမြတ်များစွားရနေပြီဖြစ်ပါတယ်။ရုပ်ရှင်ကားတစ်ကားရဲ့ အသက်ဖြစ်တဲ့ ဇာတ်ညွှန်းကောင်းမှုနဲ့ သရုပ်ဆောင်တွေရဲ့ အသက်ဝင်တဲ့သရုပ်ဆောင်မှုတွေကဒီဇာတ်ကားကို အောင်မြင်မှုကိုတွန်းပို့စေပါတယ်။ဒီနေရာတစ်ခုတွေးမိတာ နည်းပညာမတိုးတက်လို့ရုပ်ရှင်ကားမကောင်းဘူးပြောနေတဲ့ သူတစ်ချို့ကိုသတိရမိပါသေးတယ်။သူတို့ကို ဒီဇာတ်ကားလေးကို တစ်ခါလောက်ကြည့်ဖို့တိုက်တွန်းချင်ပါသေးတယ်။ပထမဆုံးပြောခဲ့သလိုပဲ အခက်အခဲတွေနဲ့ကြုံတဲ့အခါ မိတ်ဆွေကောင်းတွေရဲ့ အားပေးလမ်းညွန်မှုကအရေးပါလှပါတယ်။Kiara ကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားတွေကိုပြောခဲ့တဲ့ Dr.Jug ရဲ့စကားလုံးတိုင်းက အရမ်းကောင်းပါတယ်။ကျွန်တော်ရေးပြရင် ပေါ့သွာသလိုဖြစ်သွားမှာတာကြောင့်သူငယ်ချင်းတွေကိုတိုင် ကြည့်ရှုပြီးခံစားစေချင်ပါတယ်။တကယ်ကို အဖိုးတန်တဲ့စကားတွေဖြစ်သလိုကျွန်တော်တို့အတွက်တွန်းအားတစ်ခုရစေမှာပါ။စိတ်ဓာတ်ကျနေတဲ့သူတွေ၊တွန်းအားတစ်ခုလိုချင်တဲ့သူတွေ၊မိတ်ဆွေကောင်းတစ်ယောက်လိုချင်တဲ့သူတွေကိုတော့ ဒီဇာတ်ကားကို မလွတ်တမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။အချိန် ၂နာရီခွဲအတွင်းမှာပဲ ပေးလိုက်ရတဲ့အချိန်ထက် ပိုတန်တဲ့ ထိုက်တန်မှုကိုရရှိမယ်ဆိုတာကတော့ ရဲရဲကြီးအာမခံပါတယ်။ဒီဇာတ်ကားလေးကိုကြည့်ပြီး ကျွန်တော်တို့ရဲ့ ဘဝနေနည်းအတွက် Dr.Jug ရဲ့အကူအညီကိုယူပြီး အသုံးချလိုက်ရအောင်လားခင်ဗျာ……