-
Movie Name
-
The Island (2018)
-
Year
-
2018
-
Generes
-
Comedy, Drama
-
Code
-
02818
-
Type
-
Movie
-
Size
-
1.05 GB
-
Country
-
China
-
Description
-
ဒီဇာတ်ကားအကြောင်းကိုပြောရမယ်ဆို ရင်
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေမယ်လို့တွေးမိပါတယ်
ဘာလို့များလဲ ကျွန်တော်လဲလူသားတစ်ယောက်ပဲကိုး..
ကျွန်တော်တို့လူသားတွေက ဂုဏ်တွေ ပညာတွေနဲ့ စောင့်ထိန်းရမယ့်
စည်းကမ်းတွေနဲ့ဒီလောကကြီးထဲမှာနေထိုင်နေရတာမဟုတ်လား
လူတိုင်းမှာ မကောင်းစိတ်ဆိုတာရှိစမြဲပဲလေ
အဲ့လိုမကောင်းတဲ့စိတ်ကိုပဲ အသိပညာနဲ့ စည်းမျဉ်းတွေကထိန်းချုပ်ထားတာမဟုတ်လား
လူတွေရဲ့မကောင်းတဲ့စိတ်ဆိုတာဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ
အတ္တ မာနနဲ့ အကောက်ကြံမှုတွေကဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ ရှင်းပါတယ်
စိတ်ကွယ်ရာအရပ် သို့မဟုတ်
ဥပဒေကင်းလွတ်တဲ့အရပ်မှာဘွင်းဘွင်းကြီးထွက်ပေါ်လာတတ်တယ်မဟုတ်လား
ဒီဇာတ်ကားကလဲဒီသဘာဝကို အထင်းသားမြင်ရအောင်ရိုက်ပြထားပါတယ် ..
ဇာတ်ကားစစချင်းမှာ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကိုနှစ်ပတ်လည်အနေနဲ့
ပင်လယ်ကမ်းခြေကိုအလည်အပတ်ပို့ပေးပါတယ်
ကမ္ဘာ့အပြင်ဘက်ကဥက္ကာခဲအန္တရာယ်ကိုလျစ်လျူရှုပြီး
ပင်လယ်ထဲအလည်အပတ်ထွက်လာတဲ့သူတို့ဟာ
ဥက္ကာခဲကြောင့်ဆူနာမီနဲ့ရင်ဆိုင်ခဲ့ရပြီး ကျွန်းတစ်ကျွန်းပေါ်သောင်တင်ခဲ့ပါတော့တယ်
သူတို့နဲ့အတူ ပရော်ဖက်ဆာ တစ်ယောက်ကပါဝင်ခဲ့ပြီးပရော်ဖက်ဆာရဲ့တွက်ချက်မှုက
လောကကြီးတစ်ခုလုံး ဥက္ကာခဲကြောင့်ပျက်သုဉ်းသွားပြီး
ရှင်ကျန်သူဆိုလို့သူတို့သာကျန်တော့ကြောင်းအဖြေထွက်လာပါတော့တယ်
ဒီတော့..
စည်းလုံးမှုတွေလဲပြိုကွဲ နောက်ဆုံးကျန်ခဲ့တဲ့လူသားမျိုးနွယ်ရဲ့
ခေါင်းဆောင်နေရာကိုလဲလိုချင်တပ်မက်လာတဲ့အခါ..
မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရဲ့ပကတိမျက်နှာဟာ
ထိုကျွန်းပေါ်မှာပေါ်ပေါက်လာပါတော့တယ်..
အတ္တတွေ တပ်မက်မှုတွေနဲ့ လူတစ်စုကျွန်းပေါ်မှာဘယ်
လိုအသက်ရှင်သွားမလဲဆိုတာ
ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ပါ..
ဒီဇတ်ကားကို Wai Zin က ဘာသာပြန်ပေးထားပြီး
အညွှန်းကို လဲ ကိုယ်တိုင်ရေးပေးထားပါတယ်