Movie Name
The Whirlwind (2024)
Year
2024
Generes
Drama, Thriller
Code
SKR1004
Type
Series
Size
2.38 GB
Country
Korea
Description
1-12 complete ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသားကြီး Sol Kyung-gu နဲ့ မင်းသမီးကြီး Kim Hee-ae တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဝန်ကြီးချုပ်နဲ့ ဒုတိယစီးပွာရေးဝန်ကြီးချုပ်ကြားက နိုင်ငံရေးပဋိပက္ခတွေအကြောင်းကို ရိုက်ကူးထားတဲ့ နိုင်ငံရေးဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Park Dong-ho ဆိုတဲ့လူကတော့ ကိုရီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်တစ်ယောက်ပဲဖြစ်ပြီး စီးပွားရေးလုပ်ငန်းများစွာကို လက်ဝါးကြီးအုပ်ခြယ်လှယ်နေကြတဲ့ အင်အားကြီးမားတဲ့ လူချမ်းသာမိသားစုတွေနဲ့ ပေါင်းပြီး မကောင်းမှုတွေလုပ်နေတဲ့ အကျင့်ပျက်ခြစားတဲ့သမ္မတကို အပြစ်ပေးပြီး နိုင်ငံရေးလောကကို ပြောင်းလဲချင်တဲ့သူတစ်ယောက်ပါ။ Jeong Su-jin ကတော့ ဝန်ကြီးချုပ် Park Dong-ho ရဲ့ အကျင့်ပျက်ခြစားတဲ့လူတွေကို အမြစ်ဖြတ်မယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့ ဒုစီးပွားရေးဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပြီး နှစ်ဖက် သဘောထားမတူရာကနေ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်လာကြတဲ့အခါမှာတော့… သူတို့နှစ်ဦးကြားကဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းသွားကြမလဲ..။ Park Dong-ho ကရော အကျင့်ပျက်ခြစားတဲ့သမ္မတကို အပြစ်ပေးနိုင်မလား…။ Jeong Su-jin ကရော Park Dong-ho ကို တားဆီးပြီးတော့ အာဏာကို ပြန်ယူနိုင်သွားမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီနေ့မှာ ၁၂ ပိုင်းလုံးထွက်ရှိသွားမှာဖြစ်လို့ CM ပရိတ်သတ်ကြီးတို့ လက်မလွှတ်တမ်း စောင့်ကြည့်ပေးကြပါဦးနော်။