Movie Name
Kuyang (2024)
Year
2024
Generes
Drama, Horror, Thriller
Code
OT0192
Type
Movie
Size
583 MB
Country
Others
Description
အသစ်ထွက်ရှိထားတဲ့ အင်ဒိုခေါင်းပြတ်စုန်းသရဲကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရဲကားအမျိုးအစားထဲမှာတော့ပါပေမဲ့ အဓိကအားဖြင့်ကတော့ စုန်းတွေ ကဝေတွေ‌ အောက်လမ်းပညာတွေအဓိကတွေ့ရမှာပါ။ ပြောရရင်တော့အမေရိကန်သရဲကားမျိုးတွေထက် ထိုင်းသရဲ ကားတွေရဲ့ Vibe နဲ့တော်တော်လေးသွားဆင်ပါတယ်။ ဒီဇာတ်ကားရဲ့နာမည်ကတော့ Kuyang(ခေါင်းပျံကြီး)ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားပါတယ်။ အေးချမ်းသာယာလှတဲ့ ညနေခင်းလေးတစ်ခုမှာ ကျောင်းဆရာဘီမို နဲ့ဇနီးဖြစ်သူဆရီတိုက ဘီမိုတာဝန်ကျရာ ရွာလေးတစ်ရွာကိုသွားဖိုအတွက်စောင့်ဆိုင်းနေကြပါတယ်။ ရွာမှာသွားရောက်နေထိုင်ပြီး စာသင်ကြားပေးရမယ်ဆိုတာ ခက်ခဲပေမဲ့လည်း တာဝန်ကျရာသွားရမှာပဲမလို ဇနီးဖြစ်သူကပါ မောင်တစ်ထမ်း မယ်တစ်ရွက်လိုက်ပါဖို ဆုံးဖြတ်ခဲ့ကြပါ တော့တယ်။ ဒီလိုနဲ့ရွာကို ကားတစ်စီးနဲ့စထွက်လာခဲ့ကြပြီး စစချင်းမှာတင် မီးလောင်နေတဲ့ခေါင်းပျံကြီးတွေ သူ့ဘာသာသူအလိုအလျောက် ရွေ့နေတဲ့အခေါင်းကြီးတွေနဲ့စတင်ကြိုဆိုပါတော့တယ်။