-
Movie Name
-
Goyo (2024)
-
Year
-
2024
-
Generes
-
Drama, Romance
-
Code
-
OT0193
-
Type
-
Movie
-
Size
-
629 MB
-
Country
-
Others
-
Description
-
ဒီတစ်ခါမှာတော့ မိုးအေးအေးမှာ ကြည့်ဖို့ အာဂျင်တီးနား
ရုပ်ရှင်ကောင်းလေး တစ်ခုကို CM ကနေ ဘာသာပြန်
တင်ဆက်ပေးလိုက်ပါတယ် ။
ဇာတ်လမ်းလေးကတော့ Asperger Syndrome လို့
ခေါ်တဲ့ အော်တစ်ဇင် မျိုးကွဲရောဂါတစ်ခု ခံစားနေရတဲ့
ပြတိုက်လမ်းညွှန် Goyo နဲ့ ကလေးနှစ်ယောက်အမေ
ပြတိုက် လုံခြုံရေးဝန်ထမ်း Eva တို့ကြားထဲက အချစ်
ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်း ဖော်ကြူးထားတာပါပဲ ။
Asperger Syndrome ခံစားနေရတဲ့ Goyo ဟာ
မိုးတွေရွာနေတဲ့ နေ့တစ်နေ့မှာ ထီးကျိုးသွားလို့ ဒေါသ
ထွက်နေတဲ့ Eva ကို မြင်မြင်ချင်း သဘောကျမိသွားပါသတဲ့ ။
ပုံမှန် ချစ်ကြိုက်ညား ဇာတ်လမ်းတွေနဲ့မတူတာကတော့
နှစ်ဖက်လုံးမှာ ကိုယ်စီ ချို့ယွင်းချက်တွေ အဟန့်အတားတွေ
ပိုင်ဆိုင်ထားတာပါပဲ ။
ချစ်မိသွားတဲ့အခါ Asperger Syndrome ဝေဒနာရှင် Goyo
တစ်ယောက် ဘယ်လိုပြုမူမလဲ ။
သူတို့လို လူမျိုးတွေရဲ့ အချစ်ကို ချဥ်းကပ်ပုံလေးတွေကို
ရသပေါင်းစုံနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။ တစ်ဖက်မှာလည်း
Eva က Goyo ထက် အများကြီး အသက်ကြီးတဲ့အပြင်
ပြတ်စဲလုနီးနီးအိမ်ထောင်ရေးနဲ့ ကလေးနှစ်ယောက် အမေ
ဖြစ်လို့နေပြန်ပါတယ် ။ အစစအရာရာ ကွာခြားလွန်းနေတဲ့
သူတို့နှစ်ယောက် ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ ။
အချစ်ကြောင့် ရိုက်ခတ်လာတဲ့ လောကဓံတွေကို Goyo
တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား ။
နောက်ဆုံးမှာရော သူတို့ ပေါင်းဖက်သွားရမလားဆိုတာတော့
Goyo လို့ အမည်ရတဲ့ ဇာတ်လမ်းလေးမှာ အတူတူ ကြည့်ရှု
ခံစားလိုက်ရအောင် ။