Movie Name
Aakhri Sach (2023)
Year
2023
Generes
Crime, Drama
Code
SIND0058
Type
Series
Size
2.58 GB
Country
Bollywood
Description
1-6 complete ယခုတစ်ခေါက်မှာတော့ Disney+Hotstar ကနေ လောလောလတ်လတ်ထွက်ရှိလာပြီး ဖြစ်ရပ်မှန် ပေါ်အခြေခံရိုက်ကူးထားတဲ့စီးရီးလေးကို တင်ဆက်ပေးထားပါတယ် ဒီစီးရီးဟာဆိုရင်ဖြင့် ၂၀၁၈ခုနှစ် ဇူလိုင်လ၁ရက်နေ့ အိန္ဒိယနိုင်ငံ ဒေလီမြို့ Burari မှာတွေ့ရှိခဲ့တဲ့ “Burari Deaths” ဆိုတဲ့ မိသားစုဝင် ၁၁ယောက် သေဆုံးရမှုပေါ် အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ ဒီဖြစ်ရပ်မှန်နဲ့ပတ်သက်ပြီး “House of Secrets : The Burari Deaths “ဆိုတဲ့ Documentary တစ်ခုလည်းထွက်ရှိထားပြီး ဒီ Documentary ကြောင့် မိသားစုဝင် ၁၁ယောက် သေဆုံးရခြင်းက လူသိများခဲ့ရပါတယ် ဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့် မတူတဲ့ခံစားချက်ကို ရစေမှာဖြစ်ပြီး ‌ဘောလိဝုဒ်ချစ်သူတို့အသည်းစွဲ မင်းသမီးချောလေး Tamannaah Bhatia က ရဲမေအဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ဇာတ်လမ်းအညွှန်း… မိသားစုဝင် ၁၁ယောက် သေဆုံးမှု.. ဒီသတင်းကဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့ပါတယ် ဖြစ်ဆိုသေဆုံးပုံတွေကလည်း မြင်နေကျနဲ့မတူ ၁၀ယောက်က ကြိုးဆွဲချအနေအထားနဲ့ ‌သေဆုံးနေတာဖြစ်ပြီး တစ်ယောက်ကတော့ အခန်းထဲမှာ သေဆုံးနေတာပါ ကြိုးဆွဲချထားတဲ့လူတွေက လက်ကိုနောက်ပြန်ကြိုးတုပ် မျက်လုံးကိုအဝတ်တွေနဲ့စည်းထားပြီး တန်းစီချိတ်ဆွဲထားပုံတွေက သွေးလန့်ခြောက်ခြားဖွယ်ရာ မြင်ကွင်းတစ်ခုလို..အခင်းဖြစ်ပွားရာမှာလည်း ‌ သေဆုံးသူတွေကလွဲရင် ဘာခြေရာလက်ရာမှ မပျက် ဘာပစ္စည်းမှမပျောက်နဲ့မို့ ရဲတွေခေါင်းစားရတဲ့အမှုပေါ့ သူတို့နဲ့မတည့်တဲ့လူရယ်လို့မရှိတဲ့အပြင် တစ်မိသားစုလုံးကသဘောမနောကောင်း ..ဒီအမှုကိုဖြေရှင်းဖို့တာဝန်ကတော့ မင်းသမီးချောလေး အန်ယာ့ပေါ်ရောက်လာခဲ့ပါတယ် အန်ယာဟာဆိုရင် ဆွဲဆောင်မှုအပြည့်နဲ့ မဖြေရှင်းနိုင်တဲ့အမှုရယ်လို့မရှိတဲ့ ဌာနမှာအတော်ဆုံးလူတစ်ယောက်..အထက်လူကြီးတွေကပါ လေးစားအားကိုးရတဲ့သူလေးဖြစ်တဲ့အညီ သူ(မ)ရဲ့သူမတူတဲ့ တွေးပုံတွေးနည်းတွေနဲ့ ဒီပဟေဠိဆန်တဲ့ ‌သေဆုံးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ ကျော်ပစ်စရာတစ်ကွက်မှမရှိတာမို့ ကြည့်ရှုအားပေးကြပါဦးရှင်