Movie Name
Creature (2023)
Year
2023
Generes
Drama, Fantasy
Code
SE0370
Type
Series
Size
2.92 GB
Country
Hollywood
Description
1-8 complete လူကြီးမင်းတို့မှာ နှလုံးဘယ်နှစ်ခု ပါသလဲဗျ။ လူကြီးမင်းတို့ရဲ့ ခန္ဓာကိုယ်ကို သွေးလည်ပတ်စေဖို့ နှလုံးဆိုတာ တစ်ခုပဲလိုပါတယ်လေ။ ဒါပေမဲ့ တစ်ယောက်သောသူမှာတော့ နှလုံးနှစ်ခုပါတယ်။ အဆုတ်လေးခုနဲ့။ သူတကာထက်ထူးပြီး ထွားကျိုင်းသန်မာလှသလို ကိုယ်အင်္ဂါတွေလည်း နှစ်ဆပါလာတဲ့သူ။ ဘုရားသခင် ဖန်ဆင်းလိုက်တဲ့ သတ္တဝါတိုင်းမှာ ဝိညာဉ်ကိုယ်စီ ပါခဲ့တာပေါ့ဗျာ။ ဒါပေမဲ့ ဝိညာဉ်စွန့်ခွာသွားပြီးနောက် ကျန်ခဲ့တဲ့ ကိုယ်အပုပ်ကောင်ကြီးကို တစ်စစီခွဲစိတ် အလောင်းသုံးလေးခုကနေ အင်္ဂါအစိတ်အပိုင်းတွေစု၊ တစ်စုတဝေးတည်း ပြန်လည်တပ်ဆင်ပြီး လျှပ်စစ်အကြီးစား ရှော့ခ်ရိုက်လိုက်တဲ့အခါ ဘယ်သူဖြစ်လာပါသလဲ။ လူကြီးမင်းတို့ သိပါတယ်။ ဖရန်ကင်စတိုင်းပေါ့။ သူ့မှာ ဘယ်ကဝိညာဉ်ပါလာမလဲတော့ လူကြီးမင်းလည်းမသိနိုင်သလို ကျွန်တော်လည်း မသိပါဘူးလေ။ ဒါကတော့ တူရကီဗားရှင်းနဲ့ရိုက်ထားတဲ့ ဖရန်ကင်စတိုင်း ဇာတ်လမ်းတွဲပေါ့။ စိတ္တဇ ဆရာဝန်ကြီးရယ်၊ သူ့ကိုမှ တပည့်ခံမိတဲ့ အူတူတူ တပည့်လေးတစ်ယောက်ရယ်။ သူတို့ရဲ့ဆေးပညာကို အထင်သေးလှောင်ပြောင်ကြတဲ့ ဆေးလောက အသိုင်းအဝန်းရယ်။ ဒါပေမဲ့ တူရကီမြေက အသစ်အဆန်းတွေ ဇာတ်ကွက်ကလေးတွေနဲ့ ကြည့်ရမှာမလို့ လူကြီးမင်းအတွက် အသစ်ဖြစ်နေမှာပါ။ အလယ်ခေတ်ရဲ့ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ အစရှိတာတွေရဲ့ သမိုင်းကြောင်းနဲ့ အဖြစ်အပျက်တွေကို ပြန်မြင်ရမှာပေါ့။ ကိုဗစ် 19 တုန်းက ကမ္ဘာမှာ အလောင်းတွေ ထပ်သွားခဲ့သလို အဲဒီခေတ်ကလည်း အဲဒီရောဂါတွေနဲ့ အတုံးအရုန်းသေကြပုံတွေပါပဲ။ တပည့်လေးရဲ့ နောက်ခံသမိုင်းနဲ့ မူလဇစ်မြစ်တွေ၊ ဆရာဝန်ကြီးရဲ့ ပဲရစ်ကို ဆေးပညာသင်အပြန် ကြုံရဆုံရပုံတွေနဲ့ ဖရန်ကင်စတိုင်းဇာတ်လမ်းကို တမူထူးခြားထားပါတယ်။ တူရကီစကားပြောနဲ့ အလယ်ခေတ် အီစတန်ဘူရဲ့ အသွင်အပြင်တွေလည်း မြင်ရပါဦးမယ်။ ဖရန်ကင်စတိုင်းလို့ခေါ်တဲ့ လူသေကောင် လေးလောင်းလောက်စုစည်းအသက်သွင်းထားတဲ့ လူ့ဘီလူးကြီးအကြောင်း သိပြီးသားသူတွေလည်း ဒီဇာတ်လမ်းတွဲမှာ ပြန်လည်မြည်းစမ်းနိုင်သလို မသိသေးတဲ့သူတွေလည်း ဖရန်ကင်စတိုင်းနဲ့ မိတ်ဆက်နိုင်ပါကြောင်းပါခင်ဗျာ။