Movie Name
Painkiller (2023)
Year
2023
Generes
Crime, Drama
Code
SE0376
Type
Series
Size
2.30 GB
Country
Hollywood
Description
1-6 complete ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို အခုတလောမှာ အသစ်စက်စက် ထွက်ရှိထားတဲ့ Netflix series Painkiller နဲ့ မိတ်ဆက်ပေးပါဦးမယ်။ ဒီ series က IMDb rating 7.4/10 နဲ့ Rotten tomatoes မှာ rating 44% ရရှိထားပြီးတော့ 2012 တုန်းက နာမည်ကြီးရုပ်ရှင် Battleship ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Peter Berg က ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဖြစ်ရပ်မှန်ဆိုတာထက် လက်တွေ့သုတေသနလုပ်ထားတဲ့ အချက်အလက်တွေကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ Painkiller ဆိုတဲ့ ဒီဇာတ်ကားက 21 ရာစုနှစ်ရဲ့ ကျန်းမာရေးကပ်ရောဂါတွေ ဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နာကိုတစ် အကိုက်ခဲပျောက်ဆေးတွေနဲ့ အိုပီရိုက်တို့က အကိုက်အခဲဝေဒနာ ခံစားရသူတွေအတွက် ဆေးဝါးတစ်ခုအဖြစ် တစ်ချိန်တစ်ခါက သုံးစွဲခဲ့ကြပါတယ်။ ပါဒူးဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက အောက်ဆီကိုတင်ဆိုတဲ့ မူးယစ်ဆေးပါတဲ့ဆေးကို ဒေါ်လာဘီလီယံချီဝင်စေမယ့် ထုတ်ကုန်အဖြစ်ဖန်တီးခဲ့တယ်။ သူတို့က ဒီဆေးကို နာကျင်မှုအမျိုးမျိုးအတွက် စိတ်ချလက်ချသုံးနိုင်ပြီး အာနိသင်အကြာကြီး အစွမ်းပြတယ်လို့ ကြော်ငြာပြီး ရောင်းချတာဖြစ်ပါတယ်။ လူတွေက ဆရာဝန်တွေဆိုရင် ယုံကြတာမလို့ ကုမ္ပဏီဘက်က ဆရာဝန်တွေကို သူတို့ဆေး ညွှန်းအောင်လို့ နည်းအမျိုးမျိုးနဲ့ သိမ်းသွင်းပါတယ်။ အညွှန်းများတဲ့ ဒီဆေးဟာ မကြာခင်မှာပဲ လူတွေအကြား အရမ်းနာမည်ကြီးလာခဲ့ပါတယ်။ ဒါပေမဲ့လည်း မူးယစ်ဆေးဝါးနှိမ်နှင်းသူတွေက အောက်ဆီရဲ့ စွဲလမ်းစေမှုနဲ့ အန္တရာယ်ကို သိသွားချိန်မှာ အဲဒီအလိမ်အညာဟာ ချက်ချင်းပေါ်လာခဲ့ပါတယ်။ ဆရာဝန်တွေအပါအဝင် လူအများစုက ဒီဆေးကိုထောက်ခံနေကြတာမလို့ ဆေးရဲ့နောက်ကွယ်က မကောင်းတဲ့အခြမ်းကို ထုတ်ဖော်နိုင်မလား၊ ကုမ္ပဏီဘက်ကရော အသာလေးငြိမ်ခံနေပါ့မလား၊ ဒီလိုမျိုး ဆိုးဝါးတဲ့ အမြတ်ထုတ်မှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ