-
Movie Name
-
Tu Zakhm Hai (2022)
-
Year
-
2022
-
Generes
-
Crime, Drama
-
Code
-
SIND0063
-
Type
-
Series
-
Size
-
6.72 GB
-
Country
-
Bollywood
-
Description
-
S1 + S2 complete
ယခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်ကြီးများ တစ်ဝကြီးကြည့်ရှုနိုင်ဖို့ အပိုင်း 24 ပိုင်း season နှစ်ခုပါတဲ့ Web series လေးပဲဖြစ်ပါတယ် မင်းသမီးချောလေး Donal Bisht နဲ့ Gashmeer Mahajani တို့ရဲ့အတွဲညီညီသရုပ်ဆောင်မှုတွေကိုစောင်ကိုက်ကြည့်ရှုရမဲ့အပြင် အကလည်းမပါဝင်ဘဲ Rating ကလည်း 7.2 ထိရထားတာဆိုတော့ရှယ်မိုက်တဲ့စီးရီးတစ်ခုပါပဲ
ဗီရာ့ဂ်ျတရီဟန်ဆိုတာ ငွေမည်းခဝါချတဲ့နေရာမှာ ဆရာတစ်ပါးပါ ဘယ်လောက်တောင်ဆရာကျသလဲဆိုရင် ငွေမည်းလောကရဲ့ဘုရင်လို့ကို ညွှန်းဆိုရတဲ့အထိပါပဲ
ဗီရာ့ဂ်ျက ရက်စက်တယ် နှလုံးသားမရှိဘူး ဆုံးဖြတ်ချက်ပြတ်သားတယ် အလုပ်လုပ်ရင်ဟာကွက်မရှိဘူး အပြစ်လုပ်ထားတဲ့ဘယ်သူ့ကိုမှလည်း မညှာတာဘူး ယူမဲ့မိန်းမကိုတောင် ဈေးတွက်လိုက်တွက်နေတဲ့ လူစားမျိုးပေါ့
တစ်ဖက်မှာတော့ ကာဗရာဆိုတဲ့ ချစ်စရာ သွက်သွက်လက်လက် စိတ်ကုထုံးဆရာဝန်မလေးဟာ ဘဝလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ဦးတည်းသောအဖေနဲ့အတူ ချစ်ရတဲ့သတို့သားလောင်းလေးနဲ့ လန်ဒန်မှာအခြေချမဲ့ကောင်မလေးပေါ့
ဇာတ်ကောင်တွေက လွန်းထားထားဆန်ပေမဲ့ ဇာတ်လမ်းကတော့ အိန္ဒိယကားဆန်ပါတယ် ကာဗရာရဲ့အဖေက ဗီရာ့ဂ်ျမိသားစုထံအလုပ်လုပ်နေပြီး သူတို့မိသားစုရဲ့ အသက်သွေးကြော ငွေမည်းခဝါချစာရင်းစာအုပ်ကို ခိုးယူလိုက်တာက စပါတယ်
အဲ့လိုခိုးယူပြီး တလွဲတွေဖြစ် ဗီရာ့ဂ်ျတို့ကလည်းလိုက် ရဲတွေကလည်းလိုက်နေတဲ့အချိန်မှာ အဲ့သတင်းကို တွေ့လိုက်ရတဲ့ကာဗရာက အားကိုးတကြီးနဲ့ သူ့အဖေအတွက်ကိုအကူအညီတောင်းမိတာက ဆရာကောင် ဗီရာ့ဂ်ျဆီ ဆိုက်ဆိုက်မြိုက်မြိုက်ပါ
ကျားကြောက်လို့ရှင်ကြီးကိုး ကျားရှေ့မှောက်လျက်လဲတဲ့ ကာဗရာနဲ့ဗီရာ့ဂ်ျတို့ရဲ့ 365days စတော့ဟုမ်းဆင်ဒရုန်းဆန်ဆန် အချစ်ဇာတ်လမ်း…
ဗီရာ့ဂ်ျကိုကြောက်ပေမဲ့ သူ့ထက်ငါနေရာလိုချင်နေကြတဲ့ တရီဟန်မိသားစု ငွေမည်းခဝါချ ဒုစရိုက်မှုစတာတွေနဲ့ အချစ်အက်ရှင်မှုခင်းဇာတ်လမ်းတွဲကောင်းလေးလို့ ညွှန်းဆိုလိုက်ရင်တော့ လွန်မယ်မထင်ပါဘူး
သင်္ကြန်တွင်းလေး နေပူမခံဘဲ အိမ်မှာအေးဆေး chill ကြမဲ့ CM က ဘောလီးဝုဒ်ဖန် ညိုကီညိုမီတွေအတွက် အပစ်အခတ်အကြမ်းအရမ်း အချစ်ဇာတ်လမ်းစုံတဲ့ ဒီစီးရီးလေးကို မလွတ်တမ်းအားပေးကြဖို့ တင်ဆက်ပေးလိုက်ပါရစေ