-
Movie Name
-
The Spencer Sisters(2023)
-
Year
-
2023
-
Generes
-
Comedy, Drama
-
Code
-
SE0378
-
Type
-
Series
-
Size
-
4.15 GB
-
Country
-
Hollywood
-
Description
-
1-10 complete
CM ပရိသတ်ကြီးတို့ကို အမှုလိုက်တဲ့ ဇာတ်ကားမျိုးကိုမှ ပေါ့ပေါ့ပါးပါး ကြည့်လို့ရမယ့် series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Spencer Sisters လို့ခေါ်ပြီးတော့ ၂၀၂၃ နှစ်အစပိုင်းကမှ ထုတ်လွှင့်ခဲ့တာပါ။ ဒီဇာတ်ကားက female lead ဇာတ်ကားမျိုးဖြစ်ပြီး ဖော်ထုတ်တဲ့ အမှုတွေကလည်း ပေါ့ပေါ့ပါးပါးပဲမလို့ လူတိုင်းအကြိုက်တွေ့မယ့် ကားကောင်းလေးတစ်ကားပါ။
ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဒါဘီစပန်ဆာဆိုတဲ့ ကောင်မလေးက မြို့ကြီးပြကြီးမှာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ သူဟာ လုယက်မှုတစ်ခုရဲ့ တရားခံကို လိုက်ဖမ်းတဲ့အချိန် တာဝန်ရှိ စုံထောက်စကားကို နားမထောင်ဘဲ သူ့နည်းသူဟန်နဲ့ တရားခံကို ဖမ်းဖို့ကြိုးစားခဲ့တာကြောင့် စုံထောက်နဲ့ စကားအချေအတင်များပြီး အလုပ်ထွက်ခဲ့ရတယ်။ အလုပ်ထွက်ပြီး အိမ်ပြန်တဲ့အခါမှာလည်း ချစ်သူက ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိခဲ့ပြန်တယ်။ဒီလိုနဲ့ပဲ ဒါဘီဟာ အိမ်ပေါ်ကဆင်းလာရင်း ဘယ်မှသွားစရာမရှိတာမလို့ အယ်ဒါဘလက်ဖ်မှာရှိတဲ့ သူ့အမေအိမ်ကို ပြန်လာခဲ့ရတော့တယ်။
ဒါဘီနဲ့ သူ့အမေက တကျက်ကျက် စကားများ ရန်ဖြစ်တတ်သူတွေပါ။ တစ်နေ့ သူ့အမေရဲ့ စာအုပ်ဖတ်ပွဲမှာ ဒါဘီ သူငယ်ချင်းဖြစ်သူ ကလိုင်ရာ ကျောင်းထုတ်ခံရတဲ့ကိစ္စကို အဖြစ်မှန်ဖော်ထုတ်ပေးရာကနေ စပန်ဆာညီအစ်မများဆိုတဲ့ အဖွဲ့ကို စတင်ဖြစ်ခဲ့ပါတယ်။ စပန်ဆာညီအစ်မများ အဖွဲ့က အယ်ဒါဘလက်ဖ်မြို့လေးမှာ ဘယ်လိုအမှုတွေကို ဖြေရှင်းပေးကြရမလဲ၊ မိန်းကလေးနှစ်ယောက်တည်းနဲ့ အမှုတွေကို သဲလွန်စ ဘယ်လိုရှာကြမလဲဆိုတာကို ပရိသတ်ကြီးတို့ကိုယ်တိုင် The Spencer Sisters ဆိုတဲ့ ဒီကားထဲမှာ ကြည့်ရှုလိုက်ကြပါနော်။