Movie Name
The Changeling (2023)
Year
2023
Generes
Drama, Fantasy
Code
SIND0064
Type
Series
Size
2.50 GB
Country
Bollywood
Description
1-8 complete ကလေးချင်းလဲတဲ့ မကောင်းဆိုးရွား ခေါ် Changeling ဒီ နာမည်ကိုတော့ Supernatural ဖန်တွေ၊ အခြားမှော်ကားတွေ ကြိုက်တတ်တဲ့သူတွေ ကြားဖူးနေမှာပါ။ မွေးကင်းစကလေးလေးတွေကို အမေလက်ကနေ မသိအောင်ခိုးပြီး သူတို့ရဲ့ မကောင်းဆိုးရွားကလေးတွေနဲ့ ပုံစံတူ လဲလှယ်ထားတာပါ။ ဒီနေရာမှာ အချို့ မူကွဲပုံပြင်တွေလည်း ရှိတတ်ပါသေးတယ်။ နတ်မှင်စာငယ်တွေက ကလေးချင်းလဲတဲ့ ပုံပြင်မျိုးလည်းရှိပါတယ်။ ဒီစီးရီးကတော့ ပဟေဠိဆန်ဆန်ရိုက်ထားတာမို့ ကလေးအလဲခံရတယ်ဆိုတာလည်း သက်သေမပြနိုင်သေး၊ ထူးဆန်းတာတွေဖြစ်နေပေမဲ့ အကြောင်းရင်းကို မသိသေးဘဲ အဖြေရှာရတဲ့အမျိုးအစားမို့ သို့လော သို့လောနဲ့ ရင်တထိတ်ထိတ်ကြည့်ရအောင် ဖန်တီးထားတာပါ။ ပဟေဠိဆန်တဲ့ မိသားစုနောက်ခံနဲ့ လူတစ်ယောက်က အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်မိပြီး လက်ထပ်သွားကြတယ်။ အမျိုးသမီးလေးရဲ့မိသားစုနောက်ခံကလည်း ပဟေဠိဆန်နေပြန်တယ်။ ပိုဆိုးတာက အဲဒီအမျိုးသမီးဟာ ကလေးမရခင်မှာ စုန်းမလိုလို နတ်သမီးလိုလို သူတစ်ယောက်ဆီကနေ ဆုသုံးခုတောင်းလိုက်မိတယ်။ အဲဒီဆုတွေကိုလည်း မပြထားဘူး။ ဒီတော့ အဲဒီမိသားစုမှာ ကြောက်စရာတွေဖြစ်လာတဲ့အခါ ဇာတ်ဆောင်တွေနဲ့အတူ လိုက်အဖြေရှာရမဲ့ ဇာတ်လမ်းတွဲမျိုးမို့ အရသာရှိရှိ ကြည့်ရမှာပါပဲ။