-
Movie Name
-
House Full 3 (2016)
-
Year
-
2016
-
Generes
-
Action, Comedy
-
Code
-
00288
-
Type
-
Movie
-
Size
-
1.12 GB
-
Country
-
Bollywood
-
Description
-
Housefull 3 ဇာတ်ကားသည် အိန္ဒိယတွင် အောင်မြင်ခဲ့သည့် Housefull နှင့် Housefull 2 ဇာတ်ကားတို့၏ နောက်ဆက်တွဲဖြစ်ပြီး ဒါရိုက်တာ Sajid-Farhad က ရိုက်ကူးထားသည်။ Housefull 3 ဇာတ်ကားသည် ဖခင်တစ်ဦး၏ သမီးသုံးဦးအပေါ်ထားရှိသည့် လွန်ကဲ သည့်မေတ္တာကြောင့် သမီးသုံးယောက်ကို အိမ်ထောင်ဖက်မပေးစားလိုဘဲ ကလေးငယ်များကဲ့ သို့ ရင်ဝယ်သားလိုစောင့်ရှောက်လိုသည့် ဖခင်နှင့် သမီးသုံးယောက်အား ချစ်ကြိုက်နေသည့် အမျိုးသားသုံးယောက်တို့အကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားသော ဘောလိဝုဒ်အချစ် ဟာသဇာတ်မြူးကားတစ်ကားဖြစ်သည်။ ဇာတ်လမ်းအနေဖြင့် ချောမောလှပသည့် သမီးသုံးယောက်ပိုင်ဆိုင်ထားသည့် ဖခင် တစ်ဦးမှာ သမီးငယ်များအား အိမ်ထောင်ဖက်ပေးစားလိုခြင်းမရှိပေ။ သမီးများ၏ ရည်းစား ဖြစ်သူ အမျိုးသားသုံးယောက်မှာ နည်းလမ်းမျိုးစုံဖြင့် ၎င်းတို့၏အိမ်တွင်းသို့ဝင်ရောက်ကာ သမီးများ၏ အသင့်တော်ဆုံးဖြစ်သည့် သတို့သားများဖြစ်ကြောင်း သက်သေပြကြရသည်။ နောက်ဆုံးမှာ ဖခင်၏ စိတ်ရှုပ်ထွေးမှုများနှင့် သတို့သားလောင်းများ၏ လိမ်လည်မှုများကို ဟာသနှောကာ ရိုက်ကူးထားသည့် အိန္ဒိိယဘောလိဝုဒ် အချစ်ဟာသဇာတ်ကားတစ်ကား ဖြစ်သည်။(Review credit to The Mirror Daily)