Movie Name
Kill Command (2016)
Year
2016
Generes
Action, Adventure, Fantasy, Horror, Sci-Fi
Code
00848
Type
Movie
Size
762 MB
Country
Hollywood
Description
ရှေ့ပြေးလေ့ကျင့်ရေးတပ်ဖွဲ့တစ်က လေ့ကျင့်ရေးဆင်းဖို့အတွက် ဘယ်နေရာမှာကို သွားနေမှန်းမသိဘဲ ပင်လယ်ထဲက တစ်နေရာကို သွားနေကြရတယ် သူတို့ ဘယ်ကိုသွားနေတယ်ဆိုတာ သူတို့ကိုယ်တိုင်လည်း မသိကြဘူး အဲ့ဒီအဖွဲ့ထဲကို သိပ္ပံပညာရှင်မလေး Mills က သူရဲ့ပရိုဂရမ်တစ်ခုအတွက် သူတို့အဖွဲ့နဲ့အတူ လိုက်ပါခဲ့တယ် Millsက လူတစ်ယောက်ကို scanဖတ်လိုက်တာနဲ့ အဲ့ဒီသူနဲ့ပတ်သတ်တဲ့မှတ်တမ်းမှတ်ရာ အကုန်လုံးကို သိမြင်နိုင်တယ် သူမကို အဖွဲ့သားတွေနဲ့ ကပ္ပတိန်ကအစ အမြင်မကြည်ကြပါဘူး လေ့ကျင့်ရေးကွင်းဆင်းရမယ့်နေရာမှာ နှစ်ရက်ကြာနေပြီးမှ သူတို့ကို မူလနေရာသို့ ပြန်လည်ခေါ်ဆောင်မှာ ဖြစ်ပါတယ် အဲ့ဒီနှစ်ရက်အတွင်း ကျော်ဖြတ်ရမယ့် အန ္တရာယ် အခက်အခဲတွေက သူတို့ထင်ထားခဲ့သလို ဖြစ်မလာဘဲ လေ့ကျင့်ရေးကနေ စစ်ပွဲ တကယ့်သတ်ဖြတ်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ အန ္တရာယ်ကင်းကင်းနဲ့ ဒီနှစ်ရက်တာကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာ ပြောပြလိုက်ရင် ပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါလို့ ပြောချင်ပါတယ် ဇာတ်ကားကြမ်းကြမ်းတွေ သည်းထိတ်ရင်ဖို ကြောက်လန့်ဖွယ်ကိုမှ ကြိုက်နှစ်သက်တယ်ဆိုတဲ့သူတွေတော့ အကြိုက်တွေ့စေမှာပါ