-
Movie Name
-
Its Remains (2023)
-
Year
-
2023
-
Generes
-
Horror
-
Code
-
CN0985
-
Type
-
Movie
-
Size
-
1.48 GB
-
Country
-
China
-
Description
-
သဲထိတ်ရင်ဖိုကားတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်
ထိုင်ဝမ်သရဲကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ ။
ဒီကားလေးကတော့ အားလုံးကြိုက်လောက်မဲ့ Jump scare
တွေအများကြီးမပါဘဲ အသဲတထိတ်ထိတ်နဲ့ကြည့်ရပြီး
အဆုံးကျမှ plot twist တွေကိုသိရမဲ့ဇာတ်ကားမျိုးပါ ။
ကျိကျယ်ဆိုတဲ့ကောင်လေးဟာ ချစ်သူကိုချစ်ပေမဲ့
အလုပ်များတဲ့သူဖြစ်တဲ့အလျောက် အလေးအနက်သိပ်မထားခဲ့ပါဘူး။
သူတို့ရဲ့ချစ်သူသက်တမ်း ၅နှစ်ပြည့်မှာ
ချစ်သူကောင်မလေးက ကားတိုက်ပြီးဆုံးပါးသွားခဲ့ပါတယ် ။
ကျိကျယ်တစ်ယောက် ကောင်မလေးရဲ့ သေဆုံးမှုက
သူ့အပြစ်တွေကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံးဖြစ်နေခဲ့ပါတယ် ။
ဒီလိုနဲ့စိတ်ဓာတ်ကျမှိုင်တွေနေတဲ့ကျိကျယ်ကို သူငယ်ချင်းတွေက
ကျွန်းတစ်ကျွန်းပေါ်က လူသူအရောက်အပေါက်နည်းတဲ့
ရွာလေးဆီကိုအလည်သွားခရီးထွက်ဖို့ပြောလာချိန်မှာတော့…
ကျွန်းပေါ်မှာ ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ ?
ကျိကျယ်ရဲ့ချစ်သူသေဆုံးမှုက ကျိကျယ်နဲ့ဘယ်လိုပတ်သတ်နေမလဲ ?
သရဲကားဆိုတဲ့အတိုင်း ဒီကားရဲ့အဓိကသရဲက
ဘယ်အရာများဖြစ်နေမလဲဆိုတာ
ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုလိုက်ပါအုံးနော်။