Movie Name
Turbo (2024)
Year
2024
Generes
Action, Comedy
Code
IND1412
Type
Movie
Size
1.13 GB
Country
Bollywood
Description
ဒီနှစ်ထဲမှာပဲ Bramayugam (2024)ဖြူမည်းရုပ်ရှင်နဲ့ ပရိသတ်အားပေးမှုတွေရခဲ့တဲ့ မလေယာလမ်းမင်းသားကြီး မမ်မူတီရဲ့ အသစ်စက်စက်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးပါရစေ။ ဆရာဗီဂျေးစည်သူပတီလည်း ဧည့်သည်သရုပ်ဆောင်နေရာက ပါဝင်ထားပါသေးတယ်။ ဂျို့စ်ဆိုတာ ရွာရဲ့အော်ကြောလန်။ ကျန်တဲ့အချိန်ထက် ဘုရားပွဲတော်အတွင်းမှာ ဂျစ်ကားကြီးနဲ့ ရောက်ချလာပြီး ရန်ပွဲတွေဖန်တီးတတ်သူကြီးပေါ့။ တာဘိုတပ်ထားသလား ထင်မှတ်မှားရအောင် သောင်းကြမ်းတတ်သူမို့ သူ့ကို တာဘိုဂျို့စ်လို့တောင် ကင်ပွန်းတပ်ကြလေရဲ့။ ဒါပေမဲ့ ပွဲတော်အတွင်း သူရန်ဖြစ်တာကြည့်ရဖို့ သက်သက်အရောက်လာတဲ့လူတွေက ရှိသေးသဗျာ။ ဘယ်လောက်ပဲလူကြမ်းကြီးဖြစ်နေပါစေ မိခင်ဖြစ်သူကိုကျလည်း ကြောက်ရပြန်ရော။ သူ့ဘော်ဒါဘော်ကျွတ်က ဘဏ်ဝန်ထမ်း ဂျယ်ရီ။ ဂျယ်ရီ့အတွက်ဆို ကောင်မလေးမိဘအသိုင်းအဝိုင်းက သဘောမတူတာတောင် စေ့စပ်ပွဲနေ့ကြီး သွားခေါ်လာပေးတဲ့သူ။ တစ်နေ့ ဂျယ်ရီ့ဆီကို ကံကြမ္မာဂြိုလ်ဆိုးဝင်လာချိန် ဂျို့စ်လည်း ရှောင်လွှဲလို့မရတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ဖြေရှင်းရပါတော့တယ်။