Movie Name
The Promised (2024)
Year
2024
Generes
Horror
Code
TH0167
Type
Movie
Size
782 MB
Country
Thai
Description
"Moei(မွေ)" ဆိုတာကတော့ စွမ်းအားကြီးတဲ့ နတ် ဒါမှမဟုတ် မြင်အပ်မမြင်အပ်သတ္တဝါများနဲ့ ကတိကဝတ်ပြုပြီး ကိုယ်လိုချင်တဲ့အရာကိုတောင်းဆိုတာကိုပြောပါတယ်။ ဒါပေမယ့် အဲ့လိုဆုတောင်းတဲ့အဖိုးအခအနေနဲ့ တစ်ခုခုကိုပြန်ပေးရလေ့ရှိပါတယ်။ "နတ်နဲ့နဂါး မလှည့်စားကောင်း" ဆိုတဲ့ရှေးစကားရှိသလိုလှည့်စားမိသူဟာ ကြမ္မာဆိုးနဲ့ကြုံတွေ့ရတတ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဂက်ရဲ့ဖခင်နဲ့မိခင်ဟာ မတည့်ကြဘဲ မျက်နှာချင်းမဆိုင်ဖြစ်တော့တာ နှစ်အတန်ကြာနေပါပြီ။ နောက်ဆုံးဖခင်ဆုံးပါးသွားတဲ့အချိန်မှာတောင် မိခင်ဟာဈာပနကိုရောက်မလာခဲ့ပါဘူး။ ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက်မှာ ဂက်တိုသားအမိဟာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေဆက်တိုက်ဆိုသလို ကြုံတွေ့လာရပါတော့တယ်။ ဂက်ကတော့ ဒီလိုတွေဖြစ်နေရတာဟာ ဖခင်ဖြစ်သူ နောက်ဆုံးအချိန်မှာပြောသွားခဲ့တဲ့ "မွေ" ဆိုတာနဲ့သက်ဆိုင်နေမယ်လိုယုံကြည်နေပါတယ်။ မိခင်ကတော့ အယူသီးခြင်းသက်သက်လိုယူဆပြီး လုံးဝကိုဆန့်ကျင်နေပါတယ်။ ဒီဖြစ်ရပ်တွေရဲ့အစကဘယ်ကလဲ။