-
Movie Name
-
Lost You Forever Season 2(ထာဝရလွမ်းဆွတ်ခြင်း )( 2024 )
-
Year
-
2024
-
Generes
-
Action, Drama
-
Code
-
SC0875
-
Type
-
Series
-
Size
-
7.44 GB
-
Country
-
China
-
Description
-
1-23 complete
2023 တုန်းက Season 1 ထုတ်လွှင့်ခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့
1st billing ခေါင်းဆောင်မင်းသမီးအဖြစ် Yang Zi နဲ့အတူ
တွဲဖက်မင်းသားတွေဖြစ်တဲ့ Zhang Wang Yi , Deng Wei , Tan Jian Ci ,
Wang Hong Yi တို့လေးယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ 2023 ရဲ့
ဆုပေးပွဲကြီးတွေမှာ ဆုပေါင်းမြောက်များစွာသိမ်းယူထားတဲ့
ပရိသတ်တွေမျှော်လင့်နေကြတဲ့ Lost You Forever S2 လေးထွက်ရှိလို့လာပါပြီ ။
အရင် S1 တုန်းကလည်း CM က 4K quality နဲ့ပါတင်ဆက်ပေးခဲ့ပြီး
အခုထွက်ရှိမဲ့ S2 ကိုလည်း ဆက်လက်တင်ဆက်ပေးလိုက်ပါတယ် ။
S2 အတွက်ဇာတ်လမ်းအညွှန်းကတော့ S1 ကြည့်ထားတဲ့
ပရိသတ်တွေအတွက်တော့ သိပြီးသားဖြစ်မှာပါ ။
ရှောင်ယောင်းတစ်ယောက် Chishui Feng Long နဲ့လက်ဆက်ခဲ့ပြီး ၊
သူချစ်ရတဲ့ မြေခွေးမျိုးနွယ်သခင်လေး ထူရှန်းကျင်ဟာလည်း Fangfeng Yi Yang နဲ့လက်ထပ်လိုက်ရပါတယ် ။
အစ်ကိုဖြစ်သူ ချန်ရွှမ်းဟာ ရှီးယန်ပြည်ကိုသူအုပ်ချုပ်မဲ့
အကြောင်းအတိအလင်းကြေညာလိုက်ပါတော့တယ် ။
ရှောင်ယောင်းဟာ မိတ်ဆွေဖြစ်သူ တစ်နည်းအားဖြင့် အသက်သခင်
ကျေးဇူးရှင်ရှန်လျို့ကိုလည်း သူသာလက်ထပ်လိုက်တာနဲ့ရှန်လျို့အတွက်
အဆိပ်ထပ်ဖော်မပေးတော့ကြောင်းကိုပြောခဲ့ပါသေးတယ် ။
သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကလည်း သူတို့နှစ်ယောက်တည်းတင်မကဘဲ
တိုင်းပြည်သုံးခုရဲ့ ကံကြမ္မာ ၊ တာ့ဟွမ်နယ်မြေတစ်ခုလုံးရဲ့ကံကြမ္မာနဲ့
ဆက်စပ်နေချိန်မှာတော့ အချိုးအကွေ့ပေါင်းများစွာနဲ့
လှိုင်းထန်တဲ့ လောကဓံကို နှစ်ယောက်လုံးရင်ဆိုင်ရပါတော့တယ် ။
ရှောင်ယောင်းတစ်ယောက် လေထန်မိုးသည်းတဲ့ လောကဓံကို ရင်ဆိုင်ပြီးတဲ့အခါမှာ
ကိုယ့်ကိုယ်ကိုယ် အစွန့်ပစ်ခံလူလိုသတ်မှတ်နေအုံးမလား ?
ခရီးဆုံးမှာ သူ့ကိုအဖော်ပြုချစ်ပေးနေပြီး ဘေးမှာရှိနေမယ့်သူက ဘယ်သူဖြစ်နေမလဲ ?
သူတစ်ယောက်တည်းပဲဖြစ်နေအုံးမှာလားဆိုတာကို စောင့်ကြည့်ရအုံးမှာပါ ။
ကဲ ဒီလောက်ဆို S2 ကိုလည်း S1 လိုမျိုး အရမ်းမျှော်လင့်နေကြပြီလို့ထင်ပါတယ် ။
အားလုံးလည်း ဇာတ်ကားကြည့်ပြီး red flag ကိုကိုချန်ရွှမ်း team လား ၊
သစ်တောအုပ်ကြီး မြေခွေးလေး ထူရှန်းကျင် team လား ၊
အဖြည့်ခံအချစ်လူစွမ်းကောင်း ရှန်လျို့ team လား ၊
လူချမ်းသာသခင်လေး ဖုန်းလုံ team လားဆိုတာ ထပ်ပြီးရွေးချယ်ရထပ်ခက်အုံးမှာအသေအချာပါပဲ ။
ဒါကြောင့် ဒီ season 2 လေးကိုလည်း season 1 တုန်းကလိုအဆုံးထိ လိုက်လံကြည့်ရှူဖို့မမေ့လိုက်ပါနဲ့နော် ။