Movie Name
Escape (2024)
Year
2024
Generes
Action, Drama, Thriller
Code
KR0606
Type
Movie
Size
611 MB
Country
Korea
Description
ဒီတစ်ခါမှာတော့ Taxi Driver, Chief Detective1958 တို့လို rating အမြင့်ဆုံးရထားတဲ့seriesတွေထဲက မင်းသား Lee Je Hoon၊ D.P., Parasyte: The Grey ဇာတ်ကားတွေမှ မင်းသား Koo Kyo Hwan၊ Hopeless ထဲမှ မင်းသား Hong Xa Bin တို့ အဓိကပါဝင်ထားပြီး Song Kang cameo ပါဝင်ထားတဲ့ အရမ်းပေါက်နေတဲ့ မြောက်ကိုရီးယား တပ်ပြေးဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မြောက်ကိုရီးယားစစ်သား အင်ဂယူနမ်ဟာ တောင်ကိုရီးယားမှာ လွတ်လပ်မှုကို အိပ်မက်မက်ရင်း မျှော်လင့်ချက်အပြည့်ရှိတဲ့ ဘဝအသစ်တစ်ခုစတင်ဖို့ အိပ်မက်မက်နေသူပါ။ ဒါကြောင့် သူ့အိပ်မက်ဖြစ်မြောက်ဖို့အတွက်ဆိုရင် အမိနိုင်ငံကနေ ထွက်ပြေး စစ်မဲ့ဇုန်ကို ‌ကျော်ဖြတ်ပြီး တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ရမှာပဲဖြစ်ပါတယ် တစ်နေ့မှာတော့ မြောက်ကိုရီးယားကနေ ထွက်ပြေးဖို့လုပ်ရင်း စစ်သား‌လေး ဒုံဟျော့ဆီမှာ မိသွားပါတော့တယ်။ အဲဒီနေရာကို ဗိုလ်မှူးရီဟျွန်းဆန်းပါ ရောက်ရှိလာတဲ့အခါမှာတော့…။ နှစ်ပေါင်းများစွာ တပ်ထဲက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဂယူနမ်ကို နည်းမျိုးစုံနဲ့ တားနေတဲ့ ဗိုလ်မှူးရီဟျွန်းဆန်းတစ်ယောက် ဒီတစ်ခါမှာရော တားနိုင်ဦးမှာလား။ ဂယူနမ်ကရော သူ့အိပ်မက်တွေဖြစ်မြောက်အောင် ထွက်ပြေးပြီး လွတ်လပ်မှုကို ရှာဖွေနိုင်ပါ့မလားဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ရှုစားလိုက်ကြရအောင်နော်။