-
Movie Name
-
The Dirty Picture (2011)
-
Year
-
2011
-
Generes
-
Comedy, Drama, Romance
-
Code
-
IND1446
-
Type
-
Movie
-
Size
-
1.46 GB
-
Country
-
Bollywood
-
Description
-
ဒီဇာတ်ကားလေးထဲမှာတော့ Reshma ဆိုတဲ့ ကောင်မလေးဟာ ငယ်စဉ်ကတည်းက မြို့ကြီးပြကြီးကို
သွားရောက်ချင်နေတဲ့ ကျေးတောသူလေးတစ်ယောက်ပေါ့။ မိခင်ဖြစ်သူက ယောက်ျားလေးဆန်ဆန်
ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း ဆန့်ကျင်ဖက်လိင်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရသူတစ်ယောက်ပါ။
ရုပ်ရှင်သရုပ်ဆောင် ဝါသနာပါသူမို့ လူရွေးပွဲ ခဏခဏ သွားဖြေပေမဲ့လည်း နေရာမရပဲ
ဒါရိုက်တာတစ်ယောက်ဆို ဆွဲဆောင်မှုမရှိလွန်းလို့ ပိုက်ဆံပေး မောင်းထုတ်ခံရတဲ့ထိ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဇွဲမလျှော့ပဲ ရိုက်ကွင်းတစ်ခုကိုသွားပြီး အတင်းတောင်းဆိုရာကနေ သူများမလုပ်ရဲတဲ့
ဆွဲဆောင်မှုရှိရှိ ရာဂစိတ်ကြွလာအောင် ကပြရမယ့်အခန်းကို
သတ္တိရှိရှိ ကပြလိုက်တဲ့အခါ လက်ထောက်ဒါရိုက်တာက ကြွေသွားပါတယ်။
ဒါပေမဲ့လည်း မူရင်းဒါရိုက်တာဖြစ်သူက ဒီလိုမျိုး အညှီအဟောက်တွေကို
သဘောမကျတဲ့အတွက် အဲဒီအခန်းကို ဖြတ်ချပြီး ရုံတင်တဲ့အချိန် Reshma တစ်ယောက်ကလည်း
သူ့ကားလေး ရုံတင်ပြီဆိုပြီး ဝမ်းသာအားရ ကြွားလုံးထုတ်ပြီး ကြည့်မယ့်အချိန်မှာ
ဘာတွေဆက်ဖြစ်ကြမလဲ Reshma တစ်ယောက် Silk ဆိုပြီး ညို့ငင်အားကောင်းတဲ့
မင်းသမီးတစ်လက်အဖြစ် ဘယ်လိုတွေ တက်လှမ်းလာမလဲ သူ့အခန်းကို ဖြတ်ချခဲ့တဲ့
ဒါရိုက်တာနဲ့လည်း ဘယ်လိုတွေ ဇာတ်လမ်းဆက်မလဲဆိုတာကို တင်ဆက်ထားတဲ့ Hindi ကားလေးပဲ ဖြစ်ပါတယ်ဗျာ။