-
Movie Name
-
Sunset Vibes (နှလုံးသားရဲ့နေဝင်ဆည်းဆာ)(2024)
-
Year
-
2024
-
Generes
-
Romance
-
Code
-
ST0983
-
Type
-
Series
-
Size
-
4.67 GB
-
Country
-
Thai
-
Description
-
1-12 complete
Salin တစ်ယောက်.. အသက် ၁၈ နှစ်မတိုင်ခင်အထိ လပြည့်နေ့ ရက်တိုင်းဆိုရင်.... ရှေးခတ်ရိုးရာဝတ်စုံနဲ့ ယောက်ျားတစ်ယောက်က အမြဲ သူ့အိမ်မက်ထဲမှာ ပေါ်လာလေ့ရှိတယ်..
အဲဒီယောက်ျားသား ပေါ်လာချိန်ဆိုရင်.. အမြဲ ညဖက်မှာ ပိုသင်းတက်တဲ့ စံပယ်ရနံ့လည်းအတူ ပါမြဲဖြစ်နေခဲ့တယ်..
သိုပေမယ့်.. Salinရဲ့ အသက် (၁၈) နှစ်ပြည့်ဖို နီးလာနဲ့ အမျှ..
ထိုယောက်ျားကလည်း အိမ်မက်မှာ တဖြည်းဖြည်း တစ်စိတ်စိတ်နဲ့ ပျောက်ကွယ်လာပြီး
(၁၈) နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ Salinရဲ့ အိမ်မက်မှာရော ဘဝထဲကပါ နှုတ်ဆတ်စကား တစ်ခွန်း မရှိပါဘဲ လုံးလုံး ပျောက်ကွယ်သွားပါတော့တယ်..
သည်လိုနဲ့... Salin ဟာလည်း ထိုလူကို အသက်ကြီးလာတာနဲ့အမျှ မေ့ပျောက်ပျောက်ဖြစ်လာနေပါပြီ..
ကျောင်းပြီးလို ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်သင်မဆင်းခင် တစ်ရက်အလိုညမှာ..
Dating Appကနေ တစ်ညတာ အပျော်အနေနဲ့ပဲ ယောက်ျား တစ်ယောက်နဲ့ အတူနေဖို သဘောတူခဲ့တယ်..
ဘာမှလည်း စိတ်ထဲမထားခဲ့သလို သာမန် one night stand လိုပဲ မှတ်ထားခဲ့ပေမယ့်
နောက်တစ်နေ့ အလုပ်ဝင်ဖို ကုမ္ပဏီကြီးဆီ ရောက်သွားအချိန်မှာတော့...
Sun Suriyen ဆိုတဲ့ သူဌေးဖြစ်သူဟာ မနေ့ညက လူဖြစ်နေခဲ့တဲ့အခါ...
ထိုလူကပဲ အိမ်မက်ထဲကလူ ဖြစ်နေမလား... ဘယ်လို စိတ်ဝင်စားစရာ plot နဲ့ Salin တစ်ယောက် ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ Juneလ (15)ရက်နေ့ကစပြီး BLSFLIX နဲ့အတူ ရင်ခုန်စောင့်မျော် ကြည့်ရှုလိုက်ရအောင်နော်။