-
Movie Name
-
Fury 12 Hours (2024)
-
Year
-
2024
-
Generes
-
Action
-
Code
-
CN1004
-
Type
-
Movie
-
Size
-
625 MB
-
Country
-
China
-
Description
-
တခါတုန်းက Kusk ဆိုတဲ့မြို့လေးမှာ မြို့တွင်းမြို့ပြင်ကို
မောင်းနှင်နေတဲ့ဘတ်စ်ကားကိုစီးနေကျ လေကျွင်းဆိုတဲ့လူတစ်ယောက်ရှိတယ်။
သူကတော့ တရုတ်တန်းလိုနေရာမှာစတိုးဆိုင်ဖွင့်ထားတာဖြစ်ပြီး
မိသားစု တစုလုံး ပျောက်ဆုံးနေခဲ့တဲ့သူတစ်ယောက်ပါ
ရှာဖွေရင်းနဲ့ မိန်းမနဲ့သမီးဖြစ်သူအလောင်းကိုတွေ့ရှိခဲ့ပေမဲ့ သားဖြစ်သူကို
မတွေ့သေးတာကြောင့် (၁၀) နှစ်ကြာတဲ့အထိမလျှော့သောဇွဲနဲ့
သားဖြစ်သူအလောင်းကိုရှာဖွေနေခဲ့သူ တစ်ဦးပေါ့။
Kusk ဆိုတာကတော့ အလွန်ရိုင်းတဲ့မြို့လေးဖြစ်ပြီးအဲ့မှာ
မိဘတွေကို သတ်ဖြတ်ပြီးကျန်နေခဲ့တဲ့သားသမီးတွေကို
ခေါ်ယူပြီးလူသားမဆန်သတ်ဖြတ်တဲ့
အရှေ့တောင်အာရှမှာ အကြီးမားဆုံးပြစ်မှုကျူးလွန်တဲ့အဖွဲ့ သူပုန်အဖွဲ့ရှိတယ်။
လွန်ခဲ့တဲ့ (၁၀) နှစ်တည်းကအစိုးရနဲ့ ပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့ပေမဲ့
သူပုန်အဖွဲ့ သတင်းပြန်ကြားရေးဌာနမှာလုပ်ခဲ့တဲ့လင်ဝမ်ဆိုတဲ့
မိန်းကလေးကသူတို့ရဲ့လျှို့ဝှက်ထိပ်တန်း သတင်း ကဒ်လေးကိုခိုးယူထွက်ပြေးခဲ့တာကြောင့်
သူပုန်အဖွဲ့က သူ့ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားခဲ့တာပေါ့။
မြို့ထဲမှာရှိတဲ့လူတွေအကုန်လုံးကို တစ်ယောက်
မကျန်သတ်ဖြတ်ပြီးသူ့ကို လိုက်လံဖမ်းဆီးခဲ့တယ်။ဒီလိုနဲ့
လေကျွင်းဆီမှာ လင်ဝမ်ကရောက်သွားခဲ့ပြီး
လေကျွင်းကအဆုံးထိ သူ့ကိုကာကွယ်ပေးရာကနေ
ဘယ်လိုတွေဆက်ဖြတ်လာကြမလဲ။ ဒီသူပုန်အဖွဲ့ကကော
ဘယ်လိုတွေ ဆိုးဆိုးရွားရွား သတ်ဖြတ်ကြလဲဆိုတာကို
ဒီဇာတ်လမ်းလေးထဲမှာ ဖော်ကျူးထားတာကြောင့်
အက်ရှင်ကားကိုကြိုက်တဲ့ ပရိသတ်များအတွက်
CM ကနေဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။