-
Movie Name
-
Black Dog (2024)
-
Year
-
2024
-
Generes
-
Drama
-
Code
-
CN1009
-
Type
-
Movie
-
Size
-
939 MB
-
Country
-
China
-
Description
-
ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီး
Guan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့
ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ
Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့
ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။
အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng က
ပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke ,
Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေ
ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။
ဇာတ်လမ်းအညွှန်းအနေနဲ့ –
ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ
ဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။
ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့က
အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်း
အတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။
သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ
မြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ
မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို
မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။
အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့
သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ဆုကြေးငွေကြီးကြီးပေးမယ်လို့ထုတ်ပြန်ထားခဲ့ပါတယ် ။
ထောင်ကထွက်လာခါစလန်ရုံဟွေးတစ်ယောက်
ဘာအလုပ်မှမရှိတော့ အဲဒီခွေးနက်ကိုလိုက်ဖမ်းဖို့ကြံစည်ပါတော့တယ် ။
ဇာတ်လမ်းလေးထဲမှာတော့ ဆုကြေးငွေလိုချင်လို့ လိုက်ဖမ်းမဲ့ခွေးလေးနဲ့
သူဘယ်လိုသံယောဇဉ်တွယ်သွားမလဲ ? ဘယ်လိုအတားအစီးအခက်အခဲတွေနဲ့
ဒီလေလွင့်ခွေးလေးတွေကို ကယ်တင်သွားမလဲဆိုတာကို
emotional ဖြစ်သည်အထိ ခံစားကြည့်ရှုရမှာဖြစ်လို့
တိချစ်တတ်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့
အကြောင်းပြောရင်း ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။