-
Movie Name
-
Medium (2017)
-
Year
-
2017
-
Generes
-
Comedy, Drama
-
Code
-
00301
-
Type
-
Movie
-
Size
-
952 MB
-
Country
-
Bollywood
-
Description
-
“မိဘတိုင်းက သူတို့ သားသမီးတွေကို ကိုယ်ရည်ကိုဟ်သွေး တောက်ပြောင် စေချင်တယ်။”“အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။”***************************************** Bollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့ ကြားကနေ Irrfan Khan ကလည်း နမည်ကြီး အောင်မြင်တဲ့ မင်းသား တစ်ယောက်ပါပဲ။Bollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။အထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။ဒီဇာတ်ကားဆိုရင်လည်း IMDB 8/10 ထိရရှိထားပါတယ်။#Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့ ဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့ ကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာ စိုးရိမ်လွန်နေတဲ့ ရာဂျ် ဘတ်တရာ နှင့် မီတား ဘတ်တရာ တို့ဟာ သူတို့ သမီး ပညာရေး အတွက် ပေါင်းစုံကြိုးစားခဲ့ပါတယ်။ဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့ နေရပ်ကေနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့ နေထိုင်ကြတယ်။ လူလတ်တန်းစား နဲ့ အထက်တန်းစား ကြားက ကွာဟ မှုကို အံဝင်ခွင်ကျ အောင် ကလေးပညာရေးအတွက် အမျိုးမျိုး ကြိုးစားခဲ့ကြတယ်။ကိုယ်တိုင် ပညာအရည်အချင်း နည်းပါတော့ ကလေးအတွက် ကျောင်းတွေမှာ ကျောင်းအပ်ခွင့် မရခဲ့ပါဘူး။ဒီတော့ ကျောင်းတိုင်းမှာ ဆင်းရဲသားတွေ အတွက် ကြိုတင်ချန်ထားတဲ့ RTE စနစ်နဲ့ ကျောင်းအပ်ခွင့်ရဖို့ ထပ်ကြိုးစားပါတော့တယ်။လူကုံထန်တွေကြားထဲမှာ အသားမကျတဲ့ ရာဂျ်တို့ဟာ လူ့ဆင်းရဲ ရပ်ကွပ်မှာ ဆင်းရဲသား ပုံစံ ဟန်ဆောင်ပြီး နေခဲ့ပါတယ်။အခြေခံ လူတန်းစား နှင့် လူလတ်တန်းစား လူလတ် တန်းစား နှင့် အထက်တန်းစား ကြားက ကွာဟမှုတွေကို ဒီဇာတ်လမ်းမှာ ဒါရိုက်တာ သေသေချာချာ ရိုက်ပြထားပါတယ်။ဇာတ်ဝင်ခန်း တစ်ခန်းချင်းစီကို စကားလုံးနဲ့ ထည့်မပြောသွားပဲ လက်တွေ့ပြသွားတာတွေက ပီပြင်လှတယ်။ရိုးရိုးရှင်းရှင်းလေးနဲ့ ဟာသ နှင့် ဒရာမာကို ကောင်းကောင်းကြီး ခံစားလိုက်ကြပါစို့ ဇာတ်လမ်းက ကောင်းလွန်းလို့ ထပ်မညွှန်းချင်တော့ပါဘူး လက်အလွတ်မခံပဲ ကြည့်လိုက်ပါတော့။(ဒီဇာတ်ကားကို လက်ရှိ မိဘဖြစ်နေသူများ နောက်နောင် ဖြစ်လာမယ့် မိဘ အလျောင်းအလျှာများ ကြည့်ရှု့သင့်ပါတယ်။ FA ကြီးတွေလည်း ကြည့်ထားပေါ့ တူလေး တူမလေးတွေကို မြေတောင်မြှောက်ပေးလို့ ရတာပေါ့ ???? )