Movie Name
Your Honor (2024)
Year
2024
Generes
Crime, Drama, Thriller
Code
SKR1024
Type
Series
Size
3.37 GB
Country
Korea
Description
1-10 complete နာမည်ကြီး Descendants of the Sun,What's Wrong With Secretary Kim တိုကိုဖန်တီးခဲ့တဲ့ဒါရိုက်တာ Yoo Jong-Sun ရဲ့နောက်ဆုံးထွက်ရှိလာတဲ့ Your Honor ကတော့ ပရိသတ်ကြီးရှေ့မှောက်ကိုရောက်ရှိလိုလာပါပြီ။ မင်းသားကြီး Song Pan-Ho နဲ့ Kim Gang-Heon တိုလိုဒိတ်ဒိတ်ကြဲနာမည်ကြီးမင်းသားနှစ်လက်ရဲ့ အားပြိုင်မှုတွေကိုပါ ကြည့်ရှုရမှာဖြစ်လို လုံးဝကိုလက်မလွှတ်သင့်တဲ့ဇာတ်လမ်းလေးပါ။ ဒါ့အပြင်ဇာတ်လမ်းလေးက အက်ရှင်မှုခင်းဇာတ်လမ်းလေးကို ဥပဒေအကြောင်းထည့်သွင်းထားတာဖြစ်လို ရသစုံခံစားနိုင်မှာလည်းဖြစ်ပါတယ်။ Song Pan-Ho ဆိုတဲ့ အမည်းစက်လုံးဝမရှိတဲ့ တရားသူကြီးတစ်ယောက်ဟာ လူတိုင်းချစ်ခင်လေးစားကြတဲ့ တရားမျှတမှုရှိတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာ သားဖြစ်သူလူသတ်မှုကျူးလွန်မိပြီးတာကို ဖုံးဖိဖိုကြိုးစားခဲ့ပါတယ်။သားဖြစ်သူသတ်လိုက်တဲ့တစ်ဖက်နစ်နာသူရဲ့ဖခင်ကတော့ ရက်စက်ကြမ်းကြုတ်ပြီး ရာဇဝတ်မှုမှန်သမျှအကုန်လုပ်တဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ပါ။တခြားသူတွေအပေါ် ရက်စက်ကြမ်းကြုတ်သလောက် သားဖြစ်သူအပေါ် ဖခင်စိတ်အပြည့်ရှိတဲ့ လူမိုက်ခေါင်းဆောင် Kim Gang-Heon တစ်ယောက် သားဖြစ်သူအသတ်ခံရမှုကို အမှန်အတိုင်းပေါ်ပေါက်ဖိုကြိုးစားပါတော့တယ်။ဒီမှာတင် အပြစ်ကိုဖုံးဖိဖိုကြိုးစားတဲ့ တရားသူကြီးနဲ့ အမှန်တရားဖော်ထုတ်ဖိုကြိုးစားတဲ့ လူမိုက်ခေါင်းဆောင်နှစ်ယောက်ကြား ပဋိပက္ခတွေဖြစ်ပေါ်လာပါတော့တယ်။သားတွေအပေါ်ချစ်တဲ့ဖခင်မေတ္တာနဲ့ ဘာမဆိုလုပ်ရဲတဲ့ မကောင်းဆိုးဝါးတွေလိုဖြစ်လာချိန်မှာတော့ ဘယ်သူများအနိုင်ယူသွားနိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။စုစုပေါင်း ၁၀ ပိုင်းပါဝင်မှာဖြစ်ပါတယ်။