Movie Name
Romance In The House (2024)
Year
2024
Generes
Drama, Family, Romance
Code
SKR1027
Type
Series
Size
6.32 GB
Country
Korea
Description
1-12 complete နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ ကိုရီးယား ကေပေါ့ပ် SHINee အဖွဲဝင် Minho ပါဝင်သရုပ်ဆောင်ထားတဲ့ Romance in the House ဇာတ်လမ်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်ပေါင်းများစွာနဲ့ မိသားစုဒရာမာကားစစ်စစ်ကို ကြည့်ချင်နေကြတဲ့ပရိသတ်ကြီးအတွက် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦးနော်။Byeon Mu-Jin ဆိုတဲ့အမျိုးသားဟာ Geum Ye-Yeon ဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ပြီး သားတစ်ယောက်သမီးတစ်ယောက်နဲ့ မိသားစုဘဝကိုထူထောင်ခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းမျိုးစုံလုပ်ကိုင်ခဲ့ပေမယ့် အဆင်မပြေဖြစ်လာတဲ့အခါ မိသားစုကိုစွန့်ပစ်ပြီး ဇနီးသည်နဲ့ကွာရှင်းလိုက်ပါတယ်။ဒီလိုနဲ့ Geum Ye-Yeon ဟာသမီးနဲ့သားကို တစ်ယောက်တည်းပြုစုပျိုးထောင်ရင်း ကုန်တိုက်တစ်ခုမှာအချိန်ပိုင်းအလုပ်လုပ်ခဲ့ပါတယ်။ဒီလိုနဲ့ ၁၁နှစ်အကြာ သူတိုနေထိုင်တဲ့ဗီလာရဲ့ပိုင်ရှင်အဖြစ်နဲ့ Byeon Mu-Jin ပြန်လည်ရောက်လာပြီး မိသားစုနဲ့ပြန်လည်ပေါင်းစည်းဖိုကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ သမီးဖြစ်သူက ပြန်လည်ပေါင်းစည်းဖိုကို အပြင်းအထန်ကန့်ကွက်နေလို Byeon Mu-Jin တစ်ယောက်အခက်ကြုံနေရပါတော့တယ်။ Byeon Mu-Jin တစ်ယောက် အတိတ်ကအချစ်ဇာတ်လမ်းကိုပြန်လည်အသက်သွင်းပြီး မိသားစုနဲ့ပြန်ပေါင်းစည်းနိုင်ပါ့မလားဆိုတာကတော့ ပရိသတ်ကြီးကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦးနော်။