Movie Name
We All Lie ( ဗျူဟာခင်းမယ့် မုသားပင်လယ် )(2024)
Year
2024
Generes
Drama, Romance, Thriller
Code
SC0885
Type
Series
Size
3.64 GB
Country
China
Description
1-16 complete ဘဝမှာ ရင်နာစရာအကောင်းဆုံးထင်ယောင်ထင်မှားကတော့ မင်းအချစ်ရဆုံးလူက မင်းကိုမှ ဘယ်တော့မှ ထားမသွားဘူးလိုထင်နေတာပဲ လောင်မြိုက်နေတဲ့ ဇာတ်လမ်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးမဲ့ကားလေးကတော့ ဗျူဟာခင်းမဲ့ မုသားပင်လယ်(We All Lie)ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီကားလေးမှာဆိုရင်တော့ တရုတ်ကားချစ်သူတွေနဲ့ မစိမ်းတဲ့ The Doubleမှ မင်းသမီးလေး He Hong Shan, The Legend Of ShenLiမှာ ပါဝင်ဖူးတဲ့ မင်းသားချော Li Zi Feng ,Chen Mu Yang, Zheng NanXi, Tan Yan Yanစတဲ့ မင်းသားမင်းသမီးတွေများစွာပါဝင်ထားတာပဲဖြစ်ပါတယ် ဇာတ်ညွှန်းဆရာမလေး စူးလီနဲ့ နာမည်ကျော်မင်းသား ကျန်းရှူးဟန်တိုက လူတကာအားကျရတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြသူတွေပါ ဒီလို ပျော်ရွှင်နေတဲ့ စူးလီတစ်ယောက် တစ်နေ့မှာတော့ သူ့ခင်ပွန်း ဖောက်ပြန်နေကြောင်း အမည်မသိသူတစ်ယောက်က မက်ဆေ့ခ်ျ ပိုလာတဲ့အခါမှာတော့ အထိတ်တလန့်ဖြစ်ပြီး စုံစမ်းတဲ့အခါမှာ ခင်ပွန်းဖြစ်သူက ဖောက်ပြန်နေရုံတင်မက သူနဲ့ဖောက်ပြန်နေသူက စူးလီရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်နေတဲ့အခါ... ချစ်သူငယ်ချင်းနဲ့ ချစ်ခင်ပွန်းရဲ့ သစ္စာဖောက်မှုကိုခံစားလိုက်ရတဲ့စူးလီတစ်ယောက် ကျန်းရှူးဟန်နဲ့ ကွာရှင်းဖိုလုပ်ရင်းနဲ့ ကျန်းရှူးဟန်မှာ ဘာပိုင်ဆိုင်မှုမရှိတာကိုပါ ထပ်သိလိုက်ရပါတော့တယ် ဒီလိုနဲ့ သစ္စာဖောက်မှုကြောင့် နာကျည်းနေတဲ့ စူးလီတစ်ယောက် မကွာရှင်းသေးဘဲ သူ့ရဲ့ပိုင်ဆိုင်မှုကို ကျန်းရှူးဟန်ကို တစ်ဝက်ခွဲပေးပြီးတော့ ကျန်းရှူးဟန်နဲ့ သူငယ်ချင်းတိုကို လက်တုံပြန်ပညာပြဖို ဆုံးဖြတ်လိုက်ပါတော့တယ် ကဲ... စူးလီဆီကို ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေကြောင်း သတင်းပိုသူက ဘယ်သူဖြစ်မလဲ စူးလီကို ကျန်းရှူးဟန်လက်ထပ်ရခြင်းနောက်ကွယ်မှာ ဘယ်လိုလျှိဝှက်ချက်တွေရှိနေမှာလဲ ကျန်းရှူးဟန်နဲ့ သူငယ်ချင်းကို စူးလီတစ်ယောက် ဘယ်လိုမျိုး ဗျူဟာခင်းပြီး လှလှပပလက်စားချေသွားမှာလဲ ဆိုတာကို ဗျူဟာခင်းမဲ့ မုသားပင်လယ်(We All Lie) ဆိုတဲ့ ဇာတ်လမ်းလေးမှာ ဇာတ်ဆောင်နဲ့တစ်သားတည်း ကြည့်ရှူခံစားလိုက်ကြစိုလားရှင်