-
Movie Name
-
Max 2- White House Hero (2017)
-
Year
-
2017
-
Generes
-
Family
-
Code
-
00862
-
Type
-
Movie
-
Size
-
735 MB
-
Country
-
Hollywood
-
Description
-
တိရိစ္ဆာန်ချစ်တဲ့သူတွေအတွက် ၂၀၁၇ ထွက် ခွေးကားကောင်းကောင်းလေးပါ။ ဒီဇာတ်ကားထဲမှာ မာက်စ် ဟာ စစ်ဖက်ဆိုင်ရာဗုံးရှာဖို့အတွက် အထူးလေ့ကျင့် သင်ကြားပေးထားတဲ့ ခွေးလေးတစ်ကောင်ပါ။ စစ်တပ်တွေ တစ်တပ်ပြီးတစ်တပ်ပြောင်း တာဝန်ထမ်းဆောင်နေတဲ့ခွေးလေးပါ။ အမေရိကန်အစိုးရအနေနဲ့ နျူကလီယားလက်နက်တွေ ထိန်းချုပ်လျော့ပါးရေးအတွက် လုပ်ကိုင်နေတာဖြစ်တဲ့အတွက် ရှရှားနဲ့စေ့စပ်ညှိုနှိုင်းရေးတွေလုပ်နေပါတယ် ။ ဒီညှိုနှိုင်းရေးအတွက် ရှရှားသမ္မတကိုယ်တိုင် အမေရိကန်ကို တစ်ပတ်တိတိ လာရောက်လည်ပတ်ရင်းနဲ့ စေ့စပ်ညှိုနှိုင်းကြမှာဖြစ်ပါတယ်။ ဒီအချိန်မှာပဲ အိမ်ဖြူတော်ရဲ့ ဗုံးရှာတဲ့ခွေးမလေး “ချာလီ”ဟာ မီးဖွားခွင့်ယူသွားလို့ “မာက်စ်”ဟာ အစားထိုးတာဝန်ယူဖို့ အိမ်ဖြူတော်ကို ရောက်လာပါတယ်။ အမေရိကန် သမ္မတအသစ် မှာ “တီဂျေ” လို့ခေါ်တဲ့ဆယ်ကျော်သက်အရွယ် သားလေးတစ်ယောက် ရှိသလို ရှရှားသမ္မတမှာလည်း အဲလက်ဇန်းဒါးလို့ခေါ်တဲ့ဆယ်ကျောက်သက် သမီးလေးတစ်ယောက်ရှိပါတယ်။နှစ်နိုင်ငံညှိုနှိုင်းရေးကို နှောင့်ယှက်ဖျက်ဆီးချင်သူနေတွေကလည်း ရှိနေပါတယ်။ဒီနှောင့်ယှက်ဖျက်ဆီးမှုကို ဆယ်ကျော်သက်ကလေး ၂ ယောက်ရယ် ခွေးတစ်ကောင်ရယ် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ကလေးသရုပ်ဆောင် ၂ ယောက်ရဲ့ ချစ်စရာကောင်းပြီးသရုပ်ဆောင်ပိုင်နိုင်မှုနဲ့ ခွေးလေးရဲ့ လိမ္မာပါးနပ်မှုကြောင့် ဒီကားလေးဟာ ကြည့်ပြီးရင်းကြည့်ချင်လောက် အောင်ကို ကောင်းမွန်ပါတယ်