Movie Name
Good Partner (2024)
Year
2024
Generes
Comedy, Drama
Code
SKR1028
Type
Series
Size
6.18 GB
Country
Korea
Description
1-16 complete ရှေ့နေမမနှစ်ယောက်အပြိုင်ကြဲကြမဲ့ ကားသစ်လေးရပါပြီ ... ဒယ်ဂျောင်းဥပဒေရုံးက ရှေ့နေမမ ချာအွန်းဂယောင်းဟာဆိုရင် ကွာရှင်းတဲ့အမှုတွေကိုပဲသီးသန့်လိုက်တဲ့ လုပ်သက် ၁၇ နှစ်ရှိ နာမည်ကြီးရှေ့နေတစ်ယောက်ပါ အလုပ်လုပ်တဲ့နေရာမှာ ထက်ထက်မြက်မြက်ရှိပြီး သူ့အတွက် သူ့ရဲ့အမှုသည်တွေနဲ့ ဒယ်ဂျောင်းဥပဒေရုံးအတွက်အကျိုးအမြတ်ရရှိရေးကသာ ပထမဦးစားပေးအဖြစ်သတ်မှတ်ထားသူတစ်ယောက်ဆိုရင်လည်းမမှားပါဘူး ဒီလိုနဲ့ အလုပ်ခွင်က ကွာရှင်းတဲ့အမှုတွေကိုဖြေရှင်းပေးရင်း တစ်နေ့မှာ သူကိုယ်တိုင် ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းရတော့မဲ့အရေးကိုကြုံလာပါတော့တယ် တစ်ဖက်မှာလည်း ချာအွန်းဂယောင်းနဲ့အလုပ်အတူတွဲလုပ်ရတဲ့ ရှေ့နေပေါက်စမလေး ဟန်ယူရီက မတရားမှုမှန်သမျှကို လက်ပိုက်ကြည့်မနေနိုင်တဲ့သူပါ အလုပ်လုပ်တဲ့နေရာမှာ အမှုသည်အဆင်ပြေရေး၊ ဥပဒေရုံးနာမည်ကောင်းရရေး၊ အကျိုးအမြတ်ရရေးကိုကြည့်ပြီးလုပ်တတ်တဲ့ ချာအွန်းဂယောင်းနဲ့ မတရားဘူးထင်ရင် လျစ်လျူမရှုနိုင်ဘဲ ဝင်ဖြေရှင်းတတ် ဝင်စွက်ဖက်တတ်တဲ့ ဟန်ယူရီတိုဟာဆိုရင် ပြဒါးတစ်လမ်း သံတစ်လမ်းနဲ့ သိပ်ကီးမကိုက်လှတဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲဖြစ်ပါတယ် ဒီလိုနဲ့ အရာရာတိုင်းကို မတူညီတဲ့အမြင်တွေနဲ့ကြည့်ပြီး အမြဲငြင်းခုံနေရတဲ့သူတိုနှစ်ယောက် ကိုယ်စီကိုယ်စီ ဘဝရဲ့ပြောင်းလဲမှုကြီးတွေနဲ့ကြုံတွေ့လာကြတဲ့အခါ ...