-
Movie Name
-
Seoulmeyt (2024)
-
Year
-
2024
-
Generes
-
Comedy, Romance
-
Code
-
KR0619
-
Type
-
Movie
-
Size
-
0.93 GB
-
Country
-
Korea
-
Description
-
ကေဒရာမာတွေ ကေပေါ့တွေကို အားပေးကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေရဲ့အချစ်ကို
အခြေခံထားပြီး ရိုက်ကူးထားတဲ့ ချိုချိုမြိန်မြိန် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို
Channel Myanmar မှ တင်ဆက်ပေးလိုက်ပါတယ်နော်။
ဇာတ်လမ်းအညွှန်း-
အရာအားလုံးဟာ Lunie လိုခေါ်တဲ့ ကောင်မလေး နေထိုင်တဲ့ ပင်လယ်ကမ်းရိုးတန်း
ဒေသလေးကို မုန်တိုင်းတိုက်ခတ်ရာကနေ စတင်ပါတယ်။
မုန်တိုင်းကြောင့် လူတွေရော အိုးအိမ်တွေရော အရာအားလုံးပျက်ဆီးသွားတဲ့
ပင်လယ်ကမ်းရိုးတန်းဒေသလေးကို ကိုရီးယားအပါအဝင် အခြားနိုင်ငံခြားကုမ္ပဏီတွေက
ဝင်ရောက်ပြီး လုပ်ငန်းအသစ်တွေ ထူထောင်ဖို့ ငြင်းမရလောက်အောင် ကောင်းမွန်တဲ့
ကမ်းလှမ်းချက်တွေပေးလာတဲ့အခါမှာ မြို့နေထိုင်သူတွေရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ Lunie နဲ့
ကိုရီးယားကုမ္ပဏီရဲ့ ကိုယ်စားပြုအဖြစ်ရောက်လာမဲ့ ကိုရီးယားကုမ္ပဏီရဲ့ ဆက်ခံသူတို့ရဲ့ ဇာတ်လမ်းလေးနဲ့
အရာအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အခြေအနေမှာ ကေပေါ့တွေ ကေဒရာမာတွေအပေါ်
စိတ်ရင်းနဲ့ ချစ်ကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေအတွက် မျှော်လင့်ထားစရာကြီးဖြစ်နေတဲ့
ကိုရီးယားလူမျိုးတစ်ယောက် သူတို့ဆီကို ရောက်လာမယ်ဆိုတဲ့သတင်း…။
ဒါပေမဲ့ တကယ်တမ်း ရောက်လာတဲ့သူက ကိုရီးယားလူမျိုးအစစ်တစ်ယောက်
မဟုတ်တဲ့အခါမှာတော့ သူ့ရဲ့ သရုပ်မှန်ကဘာလဲ…။
သူနဲ့ Lunie နဲ့ရော ဘယ်လိုဆက်ဖြစ်သွားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့
ဟာသလေးတွေပါရောနှောပြီး ကြည့်ရှုရမဲ့ ဖိလစ်ပိုင် အချစ်ကားချိုချိုလေးပဲဖြစ်ပါတယ်။