Movie Name
Epic Of Mantra (ဒိုင်ယာရီအချစ် ) (2024)
Year
2024
Generes
Fantasy, Romance
Code
ST0994
Type
Series
Size
16.8 GB
Country
Thai
Description
1-43 complete ဘူဝါလဝုန်၊ အီဘူဝါ၊ စလိုချာအဖြစ် - Sirin Preediyanon စဲစုန်၊ အော့ကျန်အဖြစ် - New Wongsakorn ဒီဇာတ်ကားလေးကတော့ ခေတ်သုံးခေတ်၊ ဘဝသုံးခုရဲ့ချစ်ခြင်းဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကဘယ်လိုလဲဆိုတော့… ၂၀၀၀ ခုနှစ် ဘူဝါလဝုန်က သူနဲ့တွေ့တာ မကြာသေးတဲ့“စဲစွန်”ဆိုတဲ့ ယောကျာ်းလေးတစ်ယောက်ရဲ့ပုံရိပ်ကို ခေါင်းထဲကနေမထုတ်နိုင်ဘူးဖြစ်နေပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ သူ့ရဲ့”အိမ်မက်ထဲကလူ”နဲ့ အရမ်းတူနေလိုလေ။ ဒါပေမယ့် သူသေလုနီးပါးဖြစ်တဲ့ချိန်မှာ နေရယ် လရယ် ကမ္ဘာရယ် တစ်ထပ်တည်းကျတဲ့ချိန်နဲ့ တိုက်သွားတော့ ဖြစ်ရပ်ဆန်းလေးတစ်ခုကြောင့်နဲ့ သူ့ဝိညာဉ်လေးကလည်း အီဘူဝါရဲ့ ခန္ဓာကိုယ်ထဲရောက်သွားတဲ့အပြင်ကိုမှ အတိတ်ဘဝကိုပြန်ရောက်သွားခဲ့ပါတယ်။ အယုဒ္ဓယခေတ် ဘူဝါလဝုန်က ဆယ်ဘီလီယံရှိတဲ့ သူဌေးမလေးတစ်ယောက်ကနေ ဘုရင်ကြီး အေကာထွတ်စလွတ်လက်ထက်က အီဘူဝါဆိုတဲ့ အတိတ်ဘဝကို ရောက်သွားခဲ့ရပြီး ခက်ထန်တဲ့လူတစ်ယောက်ဖြစ်တဲ့ စဲစွန် ဒါမှမဟုတ် အော့ကျန်နဲ့တွေ့ဆုံခဲ့ရပါတယ်။ ဒါပေမယ့် ဘူဝါလဝုန်က သူ့ခေတ်၊ သူ့ဘဝထဲပြန်ရောက်နိုင်ဖို နည်းလမ်းရှာနေပေမယ့် ကံကြမ္မာကြီးက သူ့ဘက်မပါခဲ့ပါဘူး။ ဘုရင်မင်းမြတ်ကို လုပ်ကြံသတ်ဖြတ်ဖိုကြံစည်နေကြတဲ့အကြောင်းတွေရယ်၊ တော်ဝင်မိသားစုအတွင်း သစ္စာဖောက်မှုတွေရယ်၊ ဂျပန်-ဒတ်ချ် ပုန်ကန်မှုရယ်၊ ပြီးတော့ သူ့နှလုံးသားလေးက အော့ကျန်နဲ့ ပိုပြီးသံယောဇဉ်တွယ်လာတာနဲ့အမျှ အံ့ဖွယ်ချစ်ခြင်းမေတ္တာတွေဖြစ်လာခဲ့ပါတယ်။ အဲ့အချိန်မှာပဲ ချစ်သောချစ်သူကောင်လေးကလည်း မသေနိုင်တဲ့ဘဝလေးကိုပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ် ဘူဝါလဝုန်နိုးလာတာနဲ့ သူ့အတိတ်ဘဝကို ပြန်မှတ်မိနေပါသေးတယ်။ ပြီးတော့ စဲစွန်က သူ့ကို နှစ်ပေါင်းရာချီစောင့်မျှော်နေကြောင်းကို သိခဲ့ရပြီး စဲစွန်နဲ့ ထာဝရလက်တွဲဖို အဆင်သင့်ဖြစ်နေခဲ့ပေမယ့် သူတိုချစ်ခြင်းမေတ္တာတွေ ထပ်ပြီး စမ်းသပ်ခံလိုက်ရသလိုဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ စဲစွန်နဲ့ ဘူဝါလဝုန်ကို ရန်ငြိုးတွေရှိခဲ့တဲ့လူက ဘူဝါလဝုန်ကို သတ်ဖိုကြိုးစားခဲ့ပြီး နောက်ဆုံးမှာလည်း အောင်မြင်စွာသတ်နိုင်ခဲ့တယ်လေ။ အဲလိုကြောင့်နဲ့ စဲစွန်က ဝမ်းနည်းကြေကွဲရပြီး ဘူဝါရဲ့ဝိညာဉ်လေးပြန်လည်မွေးဖွားတဲ့ထိကို စောင့်ဆိုင်းနေခဲ့ပြန်ပါတယ်။ 2022 (ယခုခေတ်) သေခြင်းတရားက ဘူဝါလဝုန်နဲ့ စဲစုန်ကို နှစ်ကြိမ်ခွဲခွါအောင် လုပ်ပေမယ့်လည်း နောက်ဆုံးမှာ ဘူဝါက စလိုချာအဖြစ်နဲ့ ပြန်လည်မွေးဖွားလာခဲ့ပါတယ်။ ပေးထားတဲ့ကတိသစ္စာကို ပြန်မှတ်မိနိုင်ပြီး ချစ်ရတဲ့လူနဲ့ ထာဝရလက်တွဲနိုင်မလားဆိုတာ စောင့်မျှော်ကြည့်ရှုကြရအောင်နော်