Movie Name
Munna Michael (2017)
Year
2017
Generes
Action, Drama
Code
00307
Type
Movie
Size
0.97 GB
Country
Bollywood
Description
မိုက်ကယ်ဂျက်ဆင်ကို စံနမူ နာထား လေးစားအားကျရင်း ဘ၀ ရပ်တည်မှုအတွက် ကြိုးစားခဲ့တဲ့ ကောင်လေးတစ်ယောက်အ ကြောင်း ဇာတ်အိမ်တည်ထားတာ ပါ။အကသမားတစ်ဦးဖြစ်တဲ့ မိုက်ကယ်ဟာ မိုက်ကယ်ဂျက်ဆင်ကို လေးစားအားကျသူဖြစ်ပြီး တစ်ရက်မှာတော့ အလုပ်ထုတ်ခံလိုက် ရလို့ စတူဒီယိုကနေ ပြန်လာတုန်း လမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးလေးတစ်ဦးကို တွေ့ခဲ့ပါတယ်။အဲဒီကလေးကို မိုက်ကယ်ကခေါ်ယူမွေးစားခဲ့ပြီး မွန်နာလို့နာ မည်ပေးခဲ့ပါတယ်။ မွန်နာဟာ မိုက်ကယ်ရဲ့ခြေရာကို နင်းနိုင်သူ တစ်ဦးဖြစ်လာခဲ့ပြီး အကမှာ သူမတူအောင်ထူးချွန်သလို သူက လည်းပဲ မိုက်ကယ်ဂျက်ဆင်ကို ရူးရူးမိုက်မိုက်ကို သဘောကျသူ ဖြစ်ပါတယ်။ မိုက်ကယ်ကတော့ မွန်နာကို အကသမားမဖြစ်စေချင်ဘဲ အဆင့်မြင့်တဲ့ အလုပ်အကိုင်ရစေ ချင်နေတာပါ။ ဒါပေမဲ့ မွန်နာ ကတော့ သူ့ရဲ့အကအဖွဲ့နဲ့အတူ ကလပ်တွေမှာ လိုက်ပြီးတခြား အဖွဲ့တွေ၊ စိန်ခေါ်ပွဲတွေ ယှဉ်ပြိုင် ရင်း ဝင်ငွေရှာခဲ့ပါတယ်။ တစ်ရက် မှာတော့ မိုက်ကယ်ကျန်းမာရေး မကောင်းဖြစ်ပြီး ဆေးရုံတက်ခဲ့ရ ပါတယ်။ အဲဒီအချိန်မှာပဲ မွမ်ဘိုင်းက အကကလပ်တွေဟာ မွန်နာနဲ့အဖွဲ့ကို အမည်ပျက်စာရင်းသွင်း လိုက်တဲ့အတွက် မွန်နာဟာဒေလီမှာ လမ်းကြောင်းသစ်ရှာဖို့ လုပ်ခဲ့ပါတယ်။ ဒေလီကိုရောက်တဲ့အခါ မှာ ရန်ပွဲတစ်ခုဖြစ်ရင်း မွန်နာဟာ မဟင်ဒါဆိုတဲ့ လူဆိုးဂိုဏ်းကလူ တစ်ယောက်နဲ့ဆုံခဲ့ပြီး အဲဒီလူက မွန်နာရဲ့ အကစွမ်းရည်ကို သဘောကျပြီး သူ့ကိုသင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။နောက်တော့ မဟင်ဒါနဲ့ မွန်နာတို့ဟာ မိတ်ဆွေတွေဖြစ်သွားခဲ့ ကြပြီး တကယ်တော့ မဟင်ဒါဟာသူချစ်နေတဲ့ အကဝါသနာပါတဲ့ ဒေါ်လီဆိုတဲ့မိန်းကလေး သဘောကျဖို့ အကသင်ခဲ့တာဖြစ်ပါတယ်။ အကကိုပဲ တစိုက်မတ်မတ်စိတ် ဝင်စားတဲ့ မွန်နာကို ဒေါ်လီက သဘောကျသွားခဲ့သဖြင့် မဟင်ဒါနဲ့ ပြဿနာတွေဖြစ်သလို၊ မဟင်ဒါက မွန်နာရဲ့ အဖေမိုက်ကယ်ကို ဒေလီကိုခေါ်လာပြီး အသက် အန္တရာယ်ခြိမ်းခြောက်ကာ ဒေါ်လီနဲ့ အလဲအလှယ်လုပ်ဖို့တောင်း ဆိုလာတဲ့အခါမှာ ဘာတွေဖြစ်မှာလဲဆိုတာတော့ ဆက်ကြည့်လိုက်ဦးနော်။အကအလှတွေ၊ အက်ရှင် ဇာတ်ကွက်တွေနဲ့အတူ ကြည့်ရမယ့် ဒီဇာတ်ကားမှာ တိုက်ဂါးရှရော့ဖ်၊ ဆီဒါ့သ်နီဂမ်၊ နီဒီအဂါ ဝါလ်၊ ရိုနစ်တ်ရွိုင်း၊ နာဝါဇာဒင် ဆီဒီကွီ စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။