Movie Name
Padu (2024)
Year
2024
Generes
Drama, Sport
Code
IND1494
Type
Movie
Size
971 MB
Country
Bollywood
Description
Padu (2024)”ရွှေအိပ်မက်” ===================== မလေးရှား အမျိုးသမီး ဘတ်စကတ်ဘောအသင်းအကြောင်း ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ စိတ်ခွန်အားရစရာ ရုပ်ရှင်ကောင်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ၁၉၉၇ ခုနှစ်ကစပြီး ၂၀၀၇ ခုနှစ်အထိ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၁၁ ခု ယူနိုင်ထားတဲ့ မလေးရှား အမျိုးသမီးဘတ်စကတ်ဘောအသင်းဟာ ရွှေတံဆိပ်နဲ့ ဝေးကွာခဲ့တာ ဆီးဂိမ်းနှစ်ခုရှိသွားခဲ့ပါပြီ။ သူတို့တွေဟာ ၂၀၁၃ မြန်မာဆီးဂိမ်းမှာလည်း ရွှေတံဆိပ်ပြန်ရဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပေမဲ့ ရွှေတံဆိပ်နဲ့ ဆက်လက်ဝေးကွာနေဆဲပါပဲ။ အဲဒါကြောင့် ၂၀၁၅ ဆီးဂိမ်းမှာ ရွှေတံဆိပ်ပြန်ယူနိုင်ဖို့အတွက် နည်းလမ်းရှာကြရင်းနဲ့ သူတို့အဖွဲ့ဟာ ကာလိုင်ဆိုတဲ့ မလေးရှားနိုင်ငံသူ အိန္ဒိယလူမျိုး ပါရမီရှင်ကောင်မလေးကို အဖွဲ့ထဲခေါ်ပြီး အတွေ့အကြုံရင့် ကစားသမားတွေနဲ့ ပူးပေါင်းကာ ၂၀၁၅ ဆီးဂိမ်းအတွက် တိုဂာ်ပွဲဝင်ဖို့ ပြင်ဆင်ကြပုံကို ဒီရုပ်ရှင်ထဲမှာ စိတ်အားတက်ဖွယ်ရာမြင်တွေ့ရမှာပဲဖြစ်ပါတယ်…။