Movie Name
Uruku Patela (2024)
Year
2024
Generes
Comedy, Thriller
Code
IND1498
Type
Movie
Size
1.12 GB
Country
Bollywood
Description
Uruku Patela 2024 ကြုံရာဆုံရာ ချစ်ဖူးစာ အချစ်ဟာလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဆိုတဲ့သီချင်းက ပက်တယ်လာအတွက်လားလို့ ပြောရမယ့်ကိန်းဆိုက်နေရှာတဲ့ ချစ်ကံခေသူတစ်ယောက် ငယ်ငယ်ကတည်းက အချစ်ဦးနောက်လိုက်လိုက်တာ အချစ်ဦးက လက်ထပ်ပြီး ဗိုက်တစ်လုံးနဲ့ပြန်ပေါ်လာမှပဲ ပက်တယ်တစ်ယောက် လက်လျှော့ဖို့အတွေးပေါက်မိတော့တယ်။ နှလုံးသားလမ်းကြောင်းမှာ ကျွန်းပဲခံနေသလား ဘာလားတော့မသိပေမဲ့ အဲဗားငြင်းခံ ပက်တယ်လာက သူကြီးသားဆိုတော့ ပညာတတ်မိန်းကလေးကိုပဲ လက်ထပ်ယူမှာဆိုတဲ့ မာနလေးကလည်း ရှိနေပြန်ပါသတဲ့။ ကိုယ်တိုင်ကတော့ ‌ဘွဲ့လေးရဖို့ကို 7 နှစ် 7 လီတက်ရတဲ့ ကျောင်းပျော်ကြီးဆိုပေမဲ့ပေါ့။ ဒီလိုနဲ့ သူငယ်ချင်းမင်္ဂလာဆောင်မှာ အချစ်ဦးက ကိုယ်ဝန်ကြီးနဲ့မလို့ အသည်းကွဲပြီး မူးနေရင်းကနေ သတို့သမီးသူငယ်ချင်း အက်ရှ်ရှာရာဆိုတဲ့ ကောင်မလေးကို တွေ့သွားတဲ့အခါမှာတော့… အချစ်ကိုရဖို့ဆို နွားသိုးကြိုးပြတ် ကြိုးစားနိုင်လွန်းသူ ပက်တယ်လာနဲ့ ဆရာဝန်မလေးရဲ့ဇာတ်လမ်းကရော ဘယ်လိုရှေ့ဆက်မလဲ ရှုစားကြပါဦး။