-
Movie Name
-
Hero Is Back (သူရဲကောင်းတို တစ်ဖန်အုပ်စိုးခြင်း) (2024)
-
Year
-
2024
-
Generes
-
Drama, Romance
-
Code
-
SC0896
-
Type
-
Series
-
Size
-
7.77 GB
-
Country
-
China
-
Description
-
1-24 Completed
Hero Is Back (2024) ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးတို့အတွက်
မကြာသေးခင်ကမှ ဘာသာပြန်တင်ဆက်ပေးခဲ့တဲ့ “Dashing Youth”လိုမျိုး
နာမည်ကြီးကာတွန်းကိုမှပြန်လည်သရုပ်ဖော်ရိုက်ကူးထားတဲ့ “Hero Is Back” ဆိုတဲ့
Fantasy ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်လမ်းလေးမှာတော့ မင်းသားချော Ao Rui Peng နဲ့ မင်းသမီးချောလေး
Zhang Yu Xi တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတဲ့အတွက်
အားလုံးစောင့်မျှော်ကြည့်ရှုရကျိုးနပ်မယ်လို့ထင်ပါတယ်ရှင့်။
ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်နတ်ဘုရားဝေ့ဝူရဲ့မျိုးဆက်ဖြစ်တဲ့ ချောင်ယန်ပင်းဟာ
လော့ရှားလမ်းကို ကျူးကျော်ဝင်ရောက်လာသူတွေရဲ့ပြဿနာကိုဖြေရှင်းရင်းနဲ့
သူ့ရဲ့ပျောက်ဆုံးနေတဲ့အမေနဲ့ပတ်သက်တဲ့သဲလွန်စကို မမျှော်လင့်ဘဲရှာတွေ့ခဲ့တယ်။
အဲဒီလိုနဲ့သူ့အမေကိုကယ်တင်ဖို့ခရီးလမ်းလေးကိုစတင်ခဲ့တယ်။ အဲဒီခရီးလမ်းလေးမှာတော့
သူ့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ ဆန်းကြယ်တဲ့ဝိညာဉ်အစောင့်အရှောက်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့
ရှလင်နဲ့ ရှေးအခါကဝိညာဉ်စစ်သူကြီးဖြစ်ခဲ့တဲ့ ပေလော့ရှီးမန်တို့နဲ့အတူ
မကောင်းတဲ့အင်အားစုတွေကို ယှဉ်ပြိုင်တိုက်ခိုက်ရင်း အခက်အခဲပေါင်းများစွာကို
ရင်ဆိုင်ကျော်ဖြတ်ခဲ့တယ်။ မတူညီတဲ့ရည်မှန်းချက်ကိုယ်စီရှိကြတဲ့သူတို့သုံးယောက်ဟာ
နောက်ဆုံးမှာတော့ ဆန်းကြယ်ပဟေဠိများစွာရှိနေတဲ့ လူဟွားရှေးဟောင်းမျှော်စင်ရှိတဲ့နေရာကို
ရောက်ခဲ့ရှိကြတယ်။ သူတို့သုံးယောက်ဟာ တစ်ဆင့်ချင်းတစ်ဆင့်ချင်းနဲ့
ဒီပဟေဠိကိုဖော်ထုတ်နေချိန်မှာပဲ ထိတ်လန့်စရာကောင်းတဲ့အမှန်တရားတချို့ကို
ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီအမှန်တရားတချို့က သူတို့တစ်ယောက်ချင်းစီရဲ့
ကံကြမ္မာနဲ့ပတ်သက်ဆက်နွယ်နေတဲ့အခါမှာတော့… ချောင်ယန်ပင်းဟာ နောက်ဆုံးမှာ
သူ့အမေကိုရှာတွေ့နိုင်ပါ့မလား? သူတို့ရှာတွေ့ခဲ့တဲ့အမှန်တရားကရော
ဘာဖြစ်မလဲဆိုတာကိုတော့ အတူတူရင်ခုန်စွာစောင့်မျှော်ကြည့်ရှုလိုက်ရအောင်လားရှင့်~