Movie Name
What Comes After Love (2024)
Year
2024
Generes
Drama, Romance
Code
SKR1041
Type
Series
Size
2 GB
Country
Korea
Description
1-6 Completed ထက်ထက်မြက်မြက် ၊ တည်တည်ငြိမ်ငြိမ် ဇာတ်ကောင်‌အ‌ဖြစ်နဲ့ အမှတ်ရလောက်ကြမဲ့ မင်းသမီးချော Lee Se Young နဲ့… Signal, The Last 10 Years တို့မှာပါဝင်ခဲ့တဲ့ နာမည်ကြီးမင်းသား Kentaro Sakaguchi တို့ကို… ဂျပန်ကိုရီးယား အချစ်ဇာတ်လမ်းလေးတစ်ခုမှာ အဓိကဇာတ်ကောင်တွေအနေနဲ့ မြင်တွေ့ရပါတော့မယ်။ ဒါ့အပြင် hong Jong hyun ကလည်း second lead အဖြစ်ပါဝင်ထားပါသေးတယ်။ ကိုရီးယား စာရေးဆရာမ Gong Ji Young နဲ့ဂျပန်စာရေးဆရာ Tsuji Hitonari တို့ရဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး…melodrama, romance genre ဖြစ်တာကြောင့်…. chill ရင်းကြည့်ဖို့ ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်မှာသေချာပါတယ်။ ဇာတ်လမ်းအကျဉ်း ————– ပေါ့ပါးသွက်လက်ပြီး ပျော်ပျော်နေတတ်တဲ့ ကိုရီးယားမလေး ချွဲဟုန်းတစ်ယောက်… တိုကျိုမှာ ကျောင်းသွားတက်ရင်း အာအိုခီဂျွန်ဟိုဆိုတဲ့ ကောင်လေးနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်ကြားက မတူညီတဲ့ နောက်ခံ ယဉ်ကျေးမှုတွေ၊ အလေ့အထတွေကြောင့် နားလည်မှုလွဲကြပြီး နောက်ဆုံးမှာ လမ်းခွဲခဲ့ပါတော့တယ်။ ဟုန်းနဲ့ ပြတ်ပြီး နောက်ငါးနှစ်အကြာမှာ ဂျွန်ဟို ဆိုးလ်ကိုရောက်လာတဲ့အချိန်… တည်ငြိမ်ပြီး ရင့်ကျက်သွားတဲ့ ချွဲဟုန်းနဲ့ အခုထိ မမေ့နိုင်သေးတဲ့ ဂျွန်ဟိုတို့ နှစ်ယောက်သားပြန်တွေ့ကြတဲ့နောက် ခံစားချက်တွေ‌ပေါ်လာဦးမလား…. ဒါမှမဟုတ် အချစ်သစ်ကိုယ်စီနဲ့ပဲ ရှေ့ဆက်သွားမလားဆိုတာကို စောင့်မျှော်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ။