Movie Name
Beloved Of A Lifetime (နှလုံးသားရဲ့ဆန္ဒအတိုင်းသာ) (2024)
Year
2024
Generes
Drama, Romance
Code
SC0900
Type
Series
Size
7.46 GB
Country
China
Description
1-26 Completed ဒီတစ်ခေါက်ကားအသစ်အဆန်းလေးကတော့ CM ပရိတ်သတ်တွေအတွက် နာမည်ကြီးစာရေးဆရာမရဲ့ နတ်ဝတ္ထုကို ဇာတ်ကားရိုက်ကူးထားတဲ့ “beloved of a lifetime” မင်းသမီး “Zhong Li Li “ နဲ့ မင်းသား” Guan Yue” တို့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ ရှန့်လင်မျိုးနွယ်ဝင်ရှန့်ယိုးက သူရဲ့မင်္ဂလာပွဲမှာ မတော်တဆအဖြစ် မရဏတိုင်းပြည်ရဲ့ အုပ်စိုးသူ အရှင်စစ်ယွမ်ကို ကယ်ဆယ်လိုက်တဲ့အခါမှာ မထင်မှတ်ထားပဲ သူ့မင်္ဂလာပွဲတ်ောမှာ မျိုးနွယ်စု တစ်စုလုံးအသတ်ခံလိုက်ရတယ်။ ရှန့်ယိုးက သူ့မျိုးနွယ်စုအားလုံး ပြန်လည်ရှင်သန်နိုင်ဖို့အတွက် သူကမုန့်လီ သမင်မိစ္ဆာအဖြစ် ယောင်ဆောင်ပြီး စစ်ယွမ်ရဲ့ ပယင်းနှလုံးကို ခိုးဖို့ကြိုးစားတဲ့အခါမှာ ရှန့်ယိုးဟာ ကိုယ့်ရန်သူကိုချစ်နှစ်သက်သွားတယ်။ ရှန့်ယိုးက ချစ်သူရဲ့နှလုံးကို ထုတ်ယူဖို့ရွေးချယ်ခဲ့လည်း စစ်မှန်သောရန်သူဟာ အခြားသူဖြစ်နေတဲ့အခိုက်တန့်…. သူ့မျိုးနွယ်စုဝင်တွေကို ရှင်သန်နိုင်ဖို့အတွက် သူ့ချစ်ရတဲ့သူကို သူပေးဆပ်မလား နောက်ကွယ်လုပ်ကြံသူကို ရှန့်ယိုးရှာဖွေနိုင်မလား သူတို့နှစ်ဦးကြား ရန်ငြိုးတွေ အမှန်တရားပေါ်လာတဲ့အခါ ပြန်လည်ပြေလည်နိုင်မလားဆိုတာ ပရိတ်သတ်တို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်