Movie Name
Criminal Or Devil (2024)
Year
2024
Generes
Thriller
Code
IND1512
Type
Movie
Size
765 MB
Country
Bollywood
Description
Criminal or devil 2024 (ရာဇဝတ်ကောင်လား နတ်ဆိုးလား) ဆစ်ဒူးရယ် သူ့မိဘနှစ်ပါးရယ်ဟာ အိမ်ကြီးတစ်လုံးမှာ အေးအေးချမ်းချမ်းနဲ့ ဘဝကို ဖြတ်သန်းနေကြသူတွေပေါ့။ ဆစ်ဒူးဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက သရဲကားကို ကြိုက်နှစ်သက်သူဖြစ်ပြီး အသက်ကြီးလာတဲ့အချိန်ထိလည်း သရဲကားပဲ ကြည့်တတ်သူတစ်ယောက်ပေါ့။ တစ်ရက်မှာ ဆစ်ဒူးမိဘတွေက မင်္ဂလာဆောင်ရှိတာကြောင့် အိမ်ကနေ သွားကြတဲ့အချိန် ဆစ်ဒူးတစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့တာပေါ့။ အဲဒီအချိန်မှာပဲ ဆစ်ဒူဟာ သူ့အိမ်ထဲမှာ ထူးခြားမှုတွေကို ကြုံတွေ့လာရပြီးတော့ သူ့အိမ်မှာ မကောင်းတာတစ်ခုခုတော့ ရှိနေပြီဆိုပြီး စမ်းသပ်မှုတွေ လုပ်ပါတော့တယ်။ ဒီလိုမသင်္ကာမှုတွေနဲ့ စမ်းသပ်နေတုန်းမှာ အိမ်အစေခံက သူတို့ဘေးအိမ်ကို အိမ်နီးချင်းကောင်မလေးအသစ်ပြောင်းလာမယ်လို့ ပြောသွားပါသေးတယ်။ အဲဒီအချိန်မှာပဲ သူတို့နေတဲ့နေရာလေးမှာ လူသတ်မှုတွေဖြစ်ပွားနေပြီးတော့ အင်စပက်တာကလည်း ဒီအမှုရဲ့ တရားခံဟာ အောက်လမ်းပညာကိုတက်မြောက်တဲ့ မိန်းကလေးတစ်ဦးဖြစ်မယ်လို့ ကောက်ချက်ချထားပါတယ်။ သူတို့အိမ်နားကိုပြောင်းလာတဲ့ကောင်မလေးကတော့ ရက်ရှာလို့ခေါ်ပြီးတော့ ဆစ်ဒူးနဲ့ မထင်မှတ်ထားတဲ့တွေ့ဆုံမှုမျိုးနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ သူတို့အိမ်နားကို ပြောင်းလာတဲ့ ရက်ရှာဆိုတဲ့ကောင်မလေးက သာမာန်ကောင်မလေးတစ်ယောက်ရော ဟုတ်ရဲ့လား ……. ဆစ်ဒူးနဲ့ ရက်ရှာတို့ကရော ဘာတွေဆက်ဖြစ်ကြဦးမလဲ ….. ဖြစ်ပွားနေတဲ့ လူသတ်မှုတွေနဲ့ကရော ရက်ရှာဆိုတဲ့ကောင်မလေးနဲ့ သက်ဆိုင်နေမှာလား ….. စတာတွေကို ကြည့်ရှုရမယ့် ပဟေဠိဆန်ဆန် Thrillerကားကောင်းလေးဖြစ်ပါတယ်။