Movie Name
A Beautiful Lie (အချိုမြိန်ဆုံးမုသား) (2024)
Year
2024
Generes
Drama, Romance
Code
SC0901
Type
Series
Size
12.4 GB
Country
China
Description
1-36 Completed အရိုလွန်မယ့် ဆရာဝန်ကိုကိုနဲ့ သူ့မဟေသီပိုပိုတို့ရဲ့ A beautiful lie ဆိုတဲ့ကားလေးကို ခါတော်မှီ ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော်… ဇာတ်လမ်းလေးကိုမပြောခင်မှာ Visual တွေနဲ့ မိမိုက်နေတဲ့ မင်းသားကိုရှိုးရမယ်ဆို… Goodbye My Princess ထဲက Chen Xing Xu ဖြစ်လို့ ပေါင်မုန့်စားရမှာမပူနဲ့ တစ်ဖက်က မင်းသမီးကိုလည်း ကြည့်လိုက်ဦးနော်… မန်းဂထဲကထွက်လာတဲ့ အလှပဂေး Zhang Yu Xiဆိုမှတော့ ကာရိုက်တာနဲ့ ကွက်တိကျနေတာပေါ့… ဒါရိုက်တာကြီးကိုလည်း ကြည့်လိုက်ဦးနော်… သိပ်သိပ်သိပ်ချစ်တဲ့ Tang Yan X Luo Jin လင်မယားရဲ့ ချိုမြိန်တဲ့ပုံရိပ်တွေကို ပုံဖော်ခဲ့တဲ့ The Princess Wei Young ရဲ့ ပဲ့ကိုင်ရှင်ဆိုမှတော့ သူ့လက်ထဲမှာ CP ပုံရိပ်ချိုချိုလေးတွေ ရမှာအသေအချာပဲ… ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသ သဘာဝဘေးအန္တရာယ်ကြုံကြိုက်ချိန်မှာ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ သွားရောက်ကယ်ခဲ့တယ်…ဒါက မထူးခြားပေမယ့် ထူးခြားတာက သရုပ်ဆောင်မင်းသမီး ချင်ဖေးပါသွားတာပါပဲ… ဒီတော့ အားလုံးက ချင်ဖေးက ဟန်လုပ်ဖို့သွားတယ်… နာမည်ကြီးချင်လို့ပဲ ထင်ကြပေမယ်… သူ့ရဲ့စိတ်ရင်းမှန်နဲ့ စိတ်ထားကောင်းတာကို မြင်တွေ့လာကြပြီးနောက်မှာတော့ ဆေးအဖွဲ့မှူး ရှင်းကျစ်ကျစ်ကစပြီး အားလုံး အမြင်ပြောင်းလာခဲ့ပါတယ်… တကယ်တော့ ချင်ဖေးဟာ တစ်ချိန်က မတော်တဆအမှုကြောင့် သူသိပ်ချစ်ရတဲ့ အကကို ဆုံးရှုံးခဲ့ရတဲ့သူပါ… တိုက်ဆိုင်စွာနဲ့ သူ့ကိုကယ်ခဲ့တာက ရှင်းကျစ်ကျစ် ဖြစ်နေပါတယ်.. ဒီတိုက်ဆိုင်မှုတွေအပေါ် ချင်ဖေးတစ်ယောက် ဘယ်လိုမြင်မှာလဲ… ရှင်းကျစ်ကျစ်ကရော ချင်ဖေးက သူကယ်ခဲ့တဲ့သူဆိုတာကို တကယ်ပဲမေ့နေတာလား… သေချာတာကတော့ တစ်ချိန်ကကံတရားရဲ့ ကျီစားမှုတစ်ခုကြောင့် သူတို့တွေ့ခဲ့ရပြီး… အခုတစ်ဖန်ပြန်ဆုံတွေ့ကြရတာပါပဲ… ဒီလို နတ်ဖူးစာဆုံတဲ့ သူတို့ ၂ ယောက် အချစ်မျိုးစေ့လေးဘယ်လို ပွင့်လန်းလာမယ်ဆိုတာကိုတော့ CM Team နဲ့အတူ ရင်ခုန်စွာ ကြည့်လိုက်ကြရအောင်နော်…