Movie Name
The First Shot (ဝင်္ကပါဌာနေ) (2024)
Year
2024
Generes
Drama, Thriller
Code
SC0902
Type
Series
Size
11 GB
Country
China
Description
1-32 Completed The First Shot 雪迷宫 Brightness In The Dark ထဲမှာ အ တွဲညီခဲ့ကြတဲ့ မင်းသားချော ၂ယောက်ဖြစ်တဲ့ Huang Jingyu နဲ့ WangZiqi တို့ teammate တွေအဖြစ် အတွဲညီညီ သရုပ်ဆောင်ထားတဲ့ နောက်ထပ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်နော် ဇာတ်လမ်းအညွှန်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုမတည်ထောင်ခင် ၁၉၉၇ ခုနှစ်အချိန် တရုတ်နိုင်ငံအရှေ့မြောက်ဒေသမှာရှိတဲ့ ဟားလန်မြို့မှာ မူးယစ်ဆေးဝါးအများအပြား ပေါ်ထွက်လာတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်လိုက်ရတာကြောင့် အသစ်ထွက်လာတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သစ်တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ အဖွဲ့ခေါင်းဆောင် ကျန့်ပေ၊ ဓာတုဗေဒပညာရှင် ကုယိရန်၊ အတိုက်အခိုက်တော်သူ ကျန်းရွှယ်ယောင်၊ မှုခင်းနည်းပညာရှင် တင်းကော်ကျူ့နဲ့ အဖွဲ့ဝင် ကျောက်ရှောင်ကွမ်းတို့ ပါဝင်တဲ့ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သစ်လေးဟာ အသစ်ထွက်လာတဲ့ မူးယစ်ဆေးတွေအကြောင်း လုံးဝနားမလည်ခဲ့ပါဘူး ငယ်ရွယ်တဲ့လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့မှုခင်းစုံစမ်းဆေးရေးအဖွဲ့လေးဟာ ရက်စက်ကြမ်းကြုတ်တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေနဲ့ မူ းယစ်ဆေးဝါးသယ်ယူပို့ဆောင်မှုအမျိုးမျိုးကို ရင်ဆိုင်ရမှာဖြစ်တဲ့အပြင် တရားဥပဒေနဲ့ ခံစားချက်ကြား၊ တရားမျှတမှုနဲ့ လူသားဆန်မှုကြားမှာ လွန်ဆွဲမှုတွေကိုပါ ရင်ဆိုင်ရင်း အတားအဆီးနဲ့ စိန်ခေါ်မှုအားလုံးကို ကျော်လွှားပြီး မကောင်းမှုဒုစရိုက်တွေကို ဘယ်လိုတိုက်ဖျက်ကြမလဲဆိုတာ ဒီဇာတ်လမ်းတွဲမှာ အားပေးကြပါဦး