Movie Name
The Story Of Pearl Girl (ပုလဲပျိုမေ) (2024)
Year
2024
Generes
Drama, Historical, Romance
Code
SC0903
Type
Series
Size
12.6 GB
Country
China
Description
1-40 Completed The Long Ballad (2021) မှာ ဟောက်ယန် အတွဲလေး (ဟောက်တုကိုယ်ရံတော်နဲ့ လီလဲ့ယန်မင်းသမီး) ကို ကြိုက်ခဲ့တဲ့သူရှိလား… အဲ့ ယုန်ပေါက်လေးနဲ့ မြေခွေးအိုကြီး အတွဲကို ကြွေခဲ့ပြီး သူတို့ အတွဲအခန်းကို အမှိုက်ကောက်သလို လိုက်ကောက်ကြည့်ခဲ့ရတဲ့သူတွေအတွက် ယုန်ပေါက်လေးကနေ ကြောင်ပေါက်လေးအဖြစ်ပြောင်းပြီး မြေခွေးအိုကြီးနဲ့ အချစ်ကြီးချစ် အမုန်းကြီးမုန်းမယ့် The Story of Pearl Girl ကားလေးရောက်လာပါပြီ… ဒီကားလေးမှာ ကျောက်လုစီလေးကို မြင်နေတဲ့ ချိုချိုလေးမဟုတ်ဘဲ ချိုချဉ်ခါး ရသာစုံတဲ့ ဟယ်ဖုက ရေငုပ်ပုလဲကောက်အဖွဲ့ထဲက အစေခံမလေး သွ့မ်ဝူ တစ်ဖြစ်လဲ… ရတနာရောင်းဝယ်တဲ့ စူးမုကျယ် အဖြစ် ပါဝင်သရုပ်ဆောင်ထားဖြစ်တယ်… လျိုယွီနင်ကတော့ အနောက်ဒေသမှာ ရတနာ အထူးသဖြင့် ပုလဲရတနာ ရောင်းဝယ်နေတဲ့ အကျိုးအမြတ်ပဲကြည့်တဲ့ ကုန်သည် ယန်ဇီကျင်းအဖြစ် charisma အပြည့်နဲ့တွေ့ရမှာပါ… အားလုံးနဲ့ မစိမ်းတဲ့သူတွေမို့ ဘာကားတွေရိုက်ခဲ့တယ်ဆိုတာကို တကူးတက မိတ်မဆက်ပေးတော့ဘူးနော်… ဒါရိုက်တာကြီးကို မိတ်ဆက်ပေးလိုက်မယ်… Legend of Fu Yao (2018)၊ Jun Jiu Ling (2021)၊ Luoyang(2021)၊ Lost Identity (2024) တို့ရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်တာမို့ ရိုက်ကွက်တွေကို ဖယ်ထားရင်တော့ ဇာတ်လမ်း ဇာတ်အိမ်ကတော့ လုံးဝကို လန်းနေမှာအသေအချာပါပဲ… ဇာတ်လမ်းမကြိုက်ရင် ဘယ်တော့မှ ရိုက်ဖို့မစဉ်းစားတဲ့ ရှဲ့ဇယ်ဒါရိုက်တာကြီးမလို့ပါ… ဇာတ်လမ်းအကျဉ်းလေးကို မိတ်ဆက်ပေးရမယ်ဆို… သွမ့်ဝူလေးက ငယ်စဉ်မှာ မိသားစုနဲ့ ကွဲကွာပြီး ဟယ်ဖူက အစေခံဖြစ်လာခဲ့တယ်… နေ့စဉ် ရေငုပ်ပုလဲရှာပေးရပြီး… ရှာရသမျှကိုလည်း ခေါင်းပုံဖြတ်ခံခဲ့ရတဲ့ ဇာတ်နိမ့် ပုလဲကောက်အစေခံပေါ့… တစ်နေ့တစ်နေ့ သူက အသက်ကို လောင်းကြေးထပ်ပြီး အသက်ဆက်ရှင်နေခဲ့ရသူပေါ့… တစ်နေ့မှာ သူလွတ်မြောက်နိုင်ဖို့အတွက် အနောက်ဒေသကလာတဲ့ ကုန်သည် ယန်ဇီကျင်းနဲ့ သူ့လွတ်မြောက်မှုကို လောင်းကြေးထပ်ခဲ့တယ်… တစ်ချိန်တည်းမှာပဲ ကျန်းကျင်းရန် သခင်လေးနဲ့ တွေ့ဆုံခဲ့တာပေါ့… ဒီလိုနဲ့ပဲ သွမ့်ဝူရဲ့ အနောက်မြောက်ခရီးကြမ်းကို စတင်ခဲ့ရပြီး သူ့ဘဝမှန်ကို တစ်စပြီး တစ်စပုံပေါ်လာခဲ့တယ်… ဒါကတော့ ယန်ဇီကျင်းဟာ သူလက်စားချေရမယ့် ရန်သူဆိုတဲ့ အမှန်တရားတစ်ခုလည်းပါနေတာပေါ့… နောက်တော့ ယန်ကျိုးမှာ စူးမုကျယ်လို့ နာမည်ပြောင်းပြီး ဘဝအသစ်စဖို့ စတင်ခဲ့တယ်… ကျန်းကျင်းရန်နဲ့အတူ ရတနာလောကမှာ ကြိုးစားဖို့ဆုံးဖြတ်ခဲ့တယ်… ဒါကတော့ ရတနာပုံကြမ်း ဖန်တီးပြီး ရတနာအလှပြိုင်ပွဲ ပါဝင်ဖို့ကြိုးစားခဲ့တာပါပဲ… ဘဝကြမ်းတဲ့ အမျိုးသမီးလေးတစ်ယောက်အတွက် သူ့ဘဝကို ပြောင်းလဲပေးဖို့ အားကိုးနိုင်ခဲ့တာက သူကိုယ်တိုင်ပါပဲ… ဒီတော့ သွမ့်ဝူတစ်ယောက် စူးမုကျယ်ဘဝမှာ မတူညီတဲ့ အနာဂတ်ကို ဖန်တီးနိုင်မှာလား… ကျန်းကျင်းရန်လို သူ့ကို နားလည်သနားပေးမယ့် သခင်လေးနဲ့ ဖူးစာဆုံမှာလား… အကျိုးအမြတ်ကို ဦးစားပေးတဲ့ ယန်ဇီကျင်းနဲ့ပဲ ရေစက်ဆုံမှာလား… နောက်ပြီး သူတို့ ၃ ဦးကြားမှာ တခြားဘာပတ်သက်မှုရှိသေးလဲ… အမျိုးသမီးဇာတ်မှ ကိုယ်ဒူးကိုယ်ချွန်ပြီး ဘဝအနာဂတ်ပုံဖော်သွားတဲ့ ဇာတ်ကောင်ကိုမှ ခံစားချင်တယ်ဆို ဒီကားလေးကို CM Team နဲ့အတူ လာကြည့်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…