Movie Name
Sucha Soorma (2024)
Year
2024
Generes
Action, Drama
Code
IND1541
Type
Movie
Size
1.41 GB
Country
Bollywood
Description
Sucha Soorma 2024 (ဆူချာသူရဲကောင်း) ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပန်ချာပီသူရဲကောင်းကားလေးတစ်ကားဖြစ်ပါတယ်။ စမောင်ရွာမှာ ဆူချာနဲ့ နာရိန်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ ဆူချာကတော့ မတရားမှုတွေကို လက်ပိုက်မကြည့်တတ်တဲ့သူပီပီ အကုန်လုံးကို ရင်ဆိုင်ဖြေရှင်းပေးတတ်ပြီး ရွာအတွက်အကျိုးပြုပေးနေသူတစ်ယောက်ပေါ့။ ရွာသားတွေကတောင် သူ့ကို ဆူချာလို့ပဲ မခေါ်ပဲ ဆူချာသူရဲကောင်းဆိုပြီး နာမည်ပေးထားကြပါတယ်။ တစ်နေ့မှာ ရွာပေါင်းစုံပြိုင်ပွဲလုပ်ရင်း အိတ်မပြိုင်ပွဲမှာရော လွန်ဆွဲပြိုင်ပွဲမှာပါ ဂျိုဂါရာလာရွာကို အနိုင်ရခဲ့ပြီးတော့ ဂျိုဂါရာလာရွာရဲ့ ဟာမီးရ်ဂတ်ဆိုသူကတော့ သူတို့ရှုံးနိမ့်ခဲ့ရတဲ့အတွက် ဆူချာတို့ကို အငြိုးထားနေပါတော့တယ်။ ဒီလိုနဲ့ ဆူချာရဲ့အစ်ကို နာရိန်ရဲ့မင်္ဂလာပွဲကိုရောက်လာပါတော့တယ်။ မင်္ဂလာပွဲရဲ့ထုံးတမ်းအတိုင်း ဧည့်ခံပွဲမှာကျွေးဖို့အတွက် ဆိတ်သားလိုအပ်လာတဲ့အခါမှာ ဆူချာတို့သူငယ်ချင်းအုပ်စု ဆိတ်လိုက်ရှာကြရင်းနဲ့ မတွေ့တဲ့အဆုံးမှာ ဂျိုဂါရာလာရွာက ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဟာမီးရ်ဂတ်တို့အိမ်က ဆိတ်ကို သွားဆွဲဖို့ လုပ်ပါတော့တယ်။ ဒီလိုနဲ့ ဆူချာနဲ့ ဟာမီးရ်ဂတ်တို့ကြားက ရန်ငြိုးတွေ ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ….. သူရဲကောင်းလို့ အခေါ်ခံရတဲ့ ဆူချာတစ်ယောက် ရွာအတွက် ဘယ်လိုကိစ္စတွေကို စွန့်စားရင်ဆိုင်သွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် သမိုင်းဒရာမာအက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။