Movie Name
Hunting With Tigers (2024)
Year
2024
Generes
Action, Thriller
Code
EN4414
Type
Movie
Size
1.05 GB
Country
Hollywood
Description
ဘဏ်ဖောက်တာတွေ ဓားပြတိုက်တာတွေကို အသည်း တယားယားနဲ့ကြည့်ချင်သူတွေအတွက် အကွက်ကျကျစီစဉ်ပြီး ဓားပြတိုက်တဲ့ပြင်သစ်ဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Hunting With Tigers ဖြစ်ပြီး လက်ရှိ IMDb Rating 6.1 အထိရရှိထားပါတယ်။ပြင်သစ်ကားဆိုပေမဲ့အမေရိကန်ကားတွေ နီးနီး အက်ရှင်တွေ ဇာတ်ဝင်ခန်းတွေကိုသေချာကြည့်ကောင်းအောင် ရိုက်ကူးထားတဲ့အတွက် ဒါမျိုးတွေစိတ်ဝင်စားတယ်ဆိုရင်တော့ ကြည့်ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ နာမည်ကြီးဓားပြတွေကို အိမ်အထိ ဝင်ရောက်ဖမ်းဆီးတာကိုတွေ့ရမှာဖြစ်ပြီး သိပ်မကြာခင်မှာပဲ တရားခွင်ရင်ဆိုင်ရပါတော့တယ်။သူတို့ကတကယ်နာမည်ကြီးပြီး တကယ်လည်းဆိုးခဲ့ရမ်းခဲ့ကြမ်းခဲ့ကြတဲ့သူတွေဖြစ်တဲ့အတွက် တရားခွင်မှာအနိုင်ရဖို့ လမ်းစဆိုတာ မဖြစ်နိုင်သလောက်ကို ဖြစ်နေပါတော့တယ်။အဲ့ဒီဓားပြတွေထဲမှာ ဒီဇာတ်ကားရဲ့အဓိက မင်းသားဖြစ်တဲ့ မာလစ်ရဲ့ပထွေးဖြစ်သူလည်းပါဝင်နေခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်းမူးယစ်ဆေးရောင်းဝယ်သူဖြစ်တဲ့အတွက် ဒုစရိုက်လောကနဲ့မကင်းမရှင်းပါပဲ။သူ့ပထွေးဆိုပေမဲ့ ငယ်ငယ် လေးတုန်းက သူ့အသက်ကိုကယ်ထားခဲ့ဖူးတဲ့ကျေးဇူးကြောင့် တရားခွင်မှာအနိုင်ရရှိစေချင်ပေမဲ့ မဖြစ်နိုင်ဖို့ကများနေခဲ့ပါတယ်။ ဒီလိုနဲ့တရားရင်ဆိုင်စဉ်ကာလမှာ သူ့ပထွေးအဖွဲ့ထဲကတစ်ယောက်ရဲ့ ရှေ့နေကသူ့ကိုဆက်သွယ်ပြီး သူတို့ကိုကယ်ထုတ်ပေးဖို့ကမ်းလှမ်း လာပါတော့တယ်။အဲ့ဒီအခါမှာတော့မာလစ်နဲ့ တခြားသူတွေစုပေါင်းကာ တရားရုံးထဲက ဓားပြကြီးတွေကိုကယ်ထုတ်ဖို့ကြိုးစားပုံကိုရှုစားရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။