-
Movie Name
-
Brother (2024)
-
Year
-
2024
-
Generes
-
Comedy, Family
-
Code
-
IND1554
-
Type
-
Movie
-
Size
-
1.04 GB
-
Country
-
Bollywood
-
Description
-
Brother (2024) “အမှန်တရားဘက်တော်သား ကာသစ်”
IMDb – 7/10
၂၀၂၄ မှာထွက်ထားတဲ့ အိန္ဒိယ တမီးလ် ဟာသဒရာမာ
ရုံတင်ရုပ်ရှင်ကားကြီးဖြစ်ပြီး ပရိသတ်အချစ်တော်
သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား ဂျာရမ်ရာဗီ၊
မင်းသမီး ပရီယန်ကာမွန်ဟန်တို့ ပါဝင်ရိုက်ကူးထားပါတယ်။
ကာသစ်ဆိုတဲ့ကောင်လေးမှာ ငယ်ငယ်လေးကတည်းက
အမေးအမြန်းထူပြီး ဘယ်သူ့ကိုမှ မကြောက်တတ်တဲ့ဉာဉ်လေးရှိပါတယ်။
အမေးအမြန်းအစစ်အဆေးထူလွန်းတဲ့သူ့ကို ကာသစ်ရဲ့အဖေက
ကြီးလာရင် ရှေ့နေ့လုပ်ဖို့ အားပေးခဲ့ပါတယ်။
ဒီလိုနဲ့ ကာသစ်လည်း ဥပဒေကျောင်းသားဖြစ်လာပါတော့တယ်။
ဒါပေမဲ့ စာမေးပွဲနေ့မှာ လာဘ်စားတဲ့ဆရာကို ဗီဒီယိုရိုက်ပြီး
ပြဿနာရှာလိုက်တာကြောင့် သူနဲ့ရွယ်တူ အတန်းဖော်တွေ တရားသူကြီးနေရာကို
ရောက်လာတာတောင် သူကတော့ ဘာမှဟုတ်တိပတ်တိပြစရာမရှိပါဘူး။
ငယ်ငယ်လေးကတည်းက ပြဿနာမျိုးစုံရှာတတ်တဲ့ ကာသစ်ကို အဖေဖြစ်သူက
ဒီအတိုင်းလွှတ်ပေးထားပေမဲ့ တစ်ရက်မှာ သူလက်မခံနိုင်တဲ့ကိစ္စတစ်ခုဖြစ်လာပါတယ်။
အဲဒီကိစ္စကြောင့်ပဲ သူ့အဖေဟာ နှလုံးဖောက်ပြီး ဆေးရုံပါရောက်သွားပါတော့တယ်။
သတင်းကြားကြားချင်း ကာသစ်အစ်မ အာနန်ဒီဟာ အုတီကနေ ချန်နိုင်းကိုလိုက်လာကာ
အဖေဖြစ်သူကျန်းမာရေးအတွက် ကာသစ်ကို သူ့ယောက်ျားတို့ဇာတိဆီ ခေါ်သွားပါတော့တယ်။
ကာသစ်တစ်ယောက် အဲဒီမှာရော အသားကျပါ့မလား။ သူ့ရဲ့မဟုတ်မခံတဲ့စိတ်နဲ့ မှန်တယ်ထင်ရင်
တဇွတ်ထိုးလုပ်တတ်တဲ့စိတ်ကရော ပြောင်းလဲသွားပါ့မလားဆိုတာတော့…