-
Movie Name
-
Patriots Day (2016)
-
Year
-
2016
-
Generes
-
Action, Crime
-
Code
-
00882
-
Type
-
Movie
-
Size
-
805 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်လမ်းလေးကို ရုပ်ရှင်မကြည့်ခင်မှာပဲအားလုံးသိပြီးကြမှာပါ။ ၂၀၁၃တုန်းကကျင်းပခဲ့တဲ့ Bostonမာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုဖြစ်ပြီး လူတွေသေကြေ ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ကျနော်ကိုယ်တိုင်လည်း ဒီဇာတ်လမ်းကို ၂၀၁၃တုန်းကပဲ DVBကလွှင့်ခဲ့တဲ့ Documentryအတိုလေးကြည့်လိုက်ရပါတယ်။ ဒီတော့ Spoilerတွေဘာတွေသိပ်စိတ်ပူနေစရာမလိုပါဘူး။ဒီကားကိုအမှန်အတိုင်းပြောရရင် ကျနော်လည်းသိပ်ကြည့်ချင်ခဲ့တာမဟုတ်ပါဘူး။ ဇာတ်လမ်းကသိပြီးသားဆိုတော့ အခွေထွက်တာပဲစောင့်မယ်ကြံခဲ့တာပါ။ဒါပေမယ့် ရုံသွားကြည့်သူတွေရဲ့Feedbackအရ သိပြီးသားဇာတ်လမ်းကိုပဲ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြသွားပြီး ကြည့်လို့်ကောင်းတယ်လို့ ပြောကြပါတယ်။ ဒါနဲ့ပဲ ကျနော်လည်းရုံမှာအပြေးသွားကြည့်ခဲ့ပါတယ်။ အားလုံးပြောကြတဲ့အတိုင်း ဇာတ်လမ်းဟာသိပြီးသားဖြစ်ပေမယ့် အလွန်ကိုစိတ်ဝင်စားစရာ ကောင်းလွန်းခဲ့ပြီး နောက်ဆုံးခန်းအထိကို ကြည့်နေတဲ့ပရိသတ်တွေကို ဆွဲခေါ်သွားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကျနော်မပြောလည်းအားလုံးသိပြီးကြမှာပါ။ 2013,April 15ရက်နေ့မှာ Bostonမြို့မှာကျင်းပခဲ့တဲ့ မာရသွန်ပြေးပွဲမှာ ဗုံး၂လုံးပေါက်ခွဲမှုဖြစ်ပွားခဲ့ပါတယ်။ဗုံးဟာ Home-Madeဗုံး လို့ယူဆရပြီးBostonမြို့ခံရဲသား Tommy Saunders(Mark Wahlberg)ကဦးဆောင်ပြီး Commissioner Ed Davis (John Goodman)နဲ့ FBI Special Agent Richard DesLauriers (Kevin Bacon)အတူပူးပေါင်းကာ ဗုံးဖောက်ခွဲသူကိုဖေါ်ထုတ်ကြတာပါ။ဇာတ်ကားစစချင်းမှာ ဒါရိုက်တာက Characterတွေရဲ့အခန်းတွေကိုဟိုစပ်ဒီစပ်ပုံစံနဲ့ရိုက်ပြသွားပြီး ဗုံးဖောက်ခွဲပြီးနောက်ပိုင်းမှာတော့ ဒီCharacterအားလုံးဟာ ဇာတ်လမ်းထဲတဖြည်းဖြည်းဝင်လာခဲ့ပါတယ်။Mark Wahlbergရဲ့သရုပ်ဆောင်မှုကတော့ တချက်၂ချက်ထဖောက်တာကလွဲပြီး အတော်ပီပြင်ကောင်းမွန်တယ်လို့ချီးကျူးရမှာပါ။J.K Simmonsကြီးလည်းအရံအဖြစ်ပါဝင်ခဲ့ပြီး Screen Timeနည်းတယ် ဆိုပေမယ့် ပါရတယ့်အခန်းမှာရအောင်တော့ကြမ်းပြသွားပါသေးတယ်။ (Rogue Oneမှာ Darth Vaderပါလာသမျိုးပါပဲ။)10 CloverField Laneဇာတ်ကားမှာပါဝင်ခဲ့တဲ့ John Goodmanနဲ့ Tremors နဲ့ Hollow Manဇာတ်ကားတွေထဲက Kevin Baconတို့ရဲ့ ဒီကားမှာသရုပ်ဆောင်မှုဟာလည်း အရမ်းမကောင်းဘူးဆိုတောင် မဆိုးဘူးလို့တော့ပြောလို့ရပါတယ်။Supergirl မင်းသမီး Melissa Benoistလည်းအရံအဖြစ်ပါဝင်အားဖြည့်ထားပါတယ်။ တခြားခြားသောသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်မှုတွေဟာလည်း အပြစ်ရှာရခက်တယ်ဆိုရလောက်အောင် ကောင်းမွန်လွန်းခဲ့ပါတယ်။Real Life Eventကိုမှီးထားတဲ့ဒီကားကို အပြင်ကအဖြစ်အပျက်နဲ့ ထပ်တူကျအနိုင်ဆုံးဖြစ်အောင် ကြိုးစားပြီးရိုက်ကူးခဲ့ပါတယ်။ဝတ်ခဲ့တဲ့အဝတ်အစားတွေ ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်တွေကိုအသေးစိပ်လေ့လာခဲ့ပြီးမှ ဒီကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဗုံးပေါက်သွားတဲ့အခါ လာရောက်အားပေးသူတွေအပေါ် ဖြစ်ပျက်သွားတဲ့ဖြစ်ရပ်ဆိုးတွေ မနှစ်မျို့ဖွယ်မြင်ကွင်းတွေ သွေးပျက်ဖွယ်ကောင်းတဲ့ထိခိုက်ဒဏ်ရာတွေ ဆိုးဆိုးဝါးဝါးခံစားခဲ့ရတာတွေကို Tvကလာတဲ့Documentryမှာ မကြည့်ခဲ့ရပေမယ့် ဒီကားမှာတော့ အသေးစိပ်ရိုက်ပြသွားလို့ ကြည့်ခဲ့ရပါတယ်။ ဖြစ်ရပ်ဆိုးနဲ့ရင်ဆိုင်ခဲ့ရသူ ဆုံးရှုံးသွားခဲ့သူတွေအတွက်လည်းဝမ်းနည်းခဲ့ရပါတယ်။ :'(သူတို့နိုင်ငံကရဲတွေ တရားခံဖမ်းဖို့ကို ပညာသားပါပါနဲ့အဆင့်ဆင့်ထောက်လှမ်းပုံ သက်သေပစ္စည်းတွေခင်းကျင်းထားပုံတွေ ဖြစ်ရပ်ဆိုးနဲ့ကြုံလာတဲ့အခါ မြို့ခံရဲတွေကနေ ကူညီကယ်ဆယ်ပုံ စတာတွေကိုလည်း အသေးစိပ်သိရှိရမှာဖြစ်ပါတယ်။နောက်ဆုံး တရားခံတွေနဲ့ အချင်းချင်းအပြန်အလှန်ပစ်ခတ်ခဲ့တဲ့ Gunfightဟာလည်း Actionကားတကားအတွက် အလွန်ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။ဗုံးဒဏ်ရာကြောင့်တယောက်တဖက်စီခြေထောက်ဖြတ်လိုက်ရတဲ့ Jessica Kensky နဲ့ Patrick Downesတို့ စုံတွဲအကြောင်းကိုအများကြီးထည့်မရိုက်သွားပါဘူး။ ဗုံးခွဲသူတွေကို လိုက်လံစုံစမ်းနေတယ့် ဇာတ်ကြောင်းနဲ့ သိပ်မဆိုင်လို့ အဲ့အတွဲအကြောင်း နည်းနည်းပဲထည့်ရိုက်သွားတာလို့ ထင်မိပါတယ်။အပြင်မှာတော့ သူတို့စုံတွဲဟာ ဘဝကိုအရှုံးမပေးဘဲဆက်လက်လျှောက်လှမ်းနေကြသူတွေမို့ လူအများရဲ့လေးစားခြင်းခံရတာလည်းဖြစ်ပါတယ်။နောက်ဆုံးပြောချင်တာကတော့ ဇာတ်ကားပြီးတယ်ဆိုပြီးထမပြန်ပါနဲ့ဦး။ MCU Credit Sceneလောက်တောင်မကြာပါဘူးစောင့်ရတာ။ အပြင်ကဖြစ်ရပ်မှန်ဓါတ်ပုံတွေကိုစာသားနဲ့အတူယှဉ်တွဲပြသွားပြီး Interviewအတိုလေးတွေလည်းပါဝင်ခဲ့သေးတယ်။ မကြည့်လည်းရတယ်ဆိုပေမယ့် ကြည့်သင့်တယ်လို့ထင်ပါတယ်။ ၅မိနစ်ကျော် ၁၀မိနစ်လောက်ပဲကြာတာမို့လည်း သိပ်အချိန်မပေးရပါဘူးကျနော့်အနေနဲ့ သုံးသပ်ရမယ်ဆို Patriots Dayဆိုတဲ့ဇာတ်ကားဟာ မနှစ်ကထွက်ခဲ့တဲ့Real Life Eventကိုရိုက်ထားတဲ့ Sullyလိုပဲ ကားကောင်းတကားလည်းဖြစ်ပြီး ဇာတ်လမ်းက Sullyထက်ကိုပိုပြီးစိတ်ဝင်စားစရာကောင်းလွန်းခဲ့ပါတယ်။ရုပ်ရှင်ကားကောင်းကြိုက်တတ်သူတွေ အတွက်တော့ ရုံမှာသွားကြည့်သင့်တယ်လို့ အကြံပြုပရစေ။