Movie Name
The Rise Of Ning (မေတ္တာကြိုးတို ထုံးနှောင်ရာ) (2024)
Year
2024
Generes
Romance
Code
SC0911
Type
Series
Size
11.1 GB
Country
China
Description
1-40 complete Lost You Forever ထဲက ရွှမ်းလို့လူသိများတဲ့ မင်းသားလေး Zhang Wan Yi နဲ့အတူ မင်းသမီး Ren Min အပြင် ကောကျင့် ၂၀၂၄ version ရဲ့မင်းသားဖြစ်သူ Ci Sha လည်းပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဥ်းက‌တော့ လော်အိမ်တော်ရဲ့ သမီးတစ်ဦးဖြစ်တဲ့ လော်ယိနင်က သီးခြားစံအိမ်တော်မှာ ကြီးပြင်းခဲ့ရတဲ့သူတစ်ဦးဖြစ်ပြီး ငယ်ငယ်ကတည်းက ကြိုးနီစနစ် စည်းကမ်းတွေ ဓလေ့ထုံးတမ်းတွေနဲ့ ထိန်းချုပ်ခံထားရတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ တတိယအကို လော်ရှန်းယွမ်ကို ဝိုင်းအနိုင်ကျင့်ကြတဲ့အတွက် အကူအညီအများကြီးပေးခဲ့ပြီး လော်ရှန်းယွမ်က စာပေရော ကိုယ်ခံပညာမှာပါ ထူးချွန်တတ်မြောက်နေတဲ့သူတစ်ယောက်ဖြစ်ကြောင်းကိုလည်း တဖြည်းဖြည်းသိရှိလာခဲ့ပါတယ် ။ အဲ့ဒီ့ လော်ယိနင်ဆိုတဲ့ကောင်မလေးတစ်ယောက် အသည်းကွဲပြီးတဲ့နောက်မှာတော့ စည်းဘောင်တွေ၊ သူများထိန်းချုပ်တာတွေ မခံချင်တော့ပဲ အသိကျွမ်းတွေနဲ့ အဆက်သွယ်ဖြစ်ကာ ကိုယ်ပိုင်အစွမ်းအစနဲ့ ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပြီး စီးပွားရေးတစ်ခုစတင်ခဲ့ပါတယ် – လော်ရှန်းယွမ်ဆိုတဲ့ ကောင်လေးကတော့ လော်အိမ်တော်အတွင်းမှာနေပြီး ဆရာဖြစ်သူသေဆုံးမှုရဲ့ အမှန်တရားကို ရှာဖွေနေရင်း လော်ယိနင်စီးပွားရေးကိုလည်း အကူညီပေးနေတာကြောင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေး ဘယ်လိုမျိုးဖြစ်လာမလဲ ပြသနာတွေကို ဘယ်လိုတူတူဖြေရှင်းကြမလဲ စတာတွေကိုကြည့်ရှုခံစားရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။